တ​ရား​ဟော 20:1-3 Common Language Bible (BCL)

1. ``သင်​တို့​သည်​ရန်​သူ​ကို​ချီ​တက်​တိုက်​ခိုက် ရာ​၌ သင်​တို့​ထက်​အင်​အား​ကြီး​မား​သော ရ​ထား​တပ်၊ မြင်း​တပ်​နှင့်​ခြေ​လျင်​တပ်​တို့ နှင့်​ရင်​ဆိုင်​ရ​သော​အ​ခါ​မ​ကြောက်​ကြ​နှင့်။ သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​ခဲ့​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့်​မည်။-

2. စစ်​ပွဲ​မ​ဝင်​မီ​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည် စစ်​တပ်​ရှေ့​သို့​ထွက်​၍၊-

3. `ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နား​ထောင်​လော့။ ယ​နေ့​သင်​တို့​သည်​စစ်​ပွဲ​ထဲ​သို့​ဝင်​ရ​အံ့။ စိတ် ပျက်​ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​မ​ရှိ​ကြ​နှင့်။-

တ​ရား​ဟော 20