တ​ရား​ဟော 17:16-19 Common Language Bible (BCL)

16. ဘု​ရင်​သည်​သူ​၏​တပ်​မ​တော်​အ​တွက်​မြင်း မြောက်​မြား​စွာ​မ​ထား​ရှိ​စေ​ရ။ ထာ​ဝ​ရ ဘု​ရား​က မိ​မိ​၏​လူ​မျိုး​ကို​အီ​ဂျစ်​ပြည် သို့​ပြန်​မ​သွား​ရ​ဟု​အ​မိန့်​တော်​ရှိ​သော ကြောင့် ဘု​ရင်​သည်​မြင်း​ဝယ်​ရန်​လူ​များ ကို​ထို​ပြည်​သို့​မ​စေ​လွှတ်​ရ။-

17. ဘု​ရင်​သည်​မ​ယား​များ​စွာ​ရှိ​လျှင် ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​သွား​နိုင်​သ​ဖြင့် သူ​၌​မ​ယား များ​စွာ​မ​ရှိ​စေ​ရ။ ရွှေ၊ ငွေ​လည်း​များ​စွာ မ​ရှိ​စေ​ရ။-

18. ဘု​ရင်​သည်​နန်း​တက်​သော​အ​ခါ​လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​ထံ​တွင် ထား​ရှိ​သော ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​များ​နှင့်​ဆုံး​မ သွန်​သင်​ချက်​များ​ပါ​ရှိ​သည့် ကျမ်း​စာ​ကို မိတ္တူ​ရေး​ကူး​ပြီး​လျှင်​လက်​ဝယ်​၌​ဆောင် ထား​စေ​ရ​မည်။-

19. သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ ၍ ပ​ညတ်​ရှိ​သ​မျှ​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း လိုက်​လျှောက်​နိုင်​ရန် ထို​ကျမ်း​စာ​အုပ်​ကို​မိ​မိ အ​နီး​အ​ပါး​တွင်​ထား​လျက် တစ်​သက်​ပတ် လုံး​ဖတ်​ရှု​ရ​မည်။-

တ​ရား​ဟော 17