7. သင်တို့သည်ဝတ်ပြုရာတစ်ခုတည်းသော ဌာနတွင်ထိုအသားကိုပြုတ်၍စားပြီး လျှင် နောက်တစ်နေ့နံနက်၌နေအိမ်သို့ ပြန်ရကြမည်။-
8. သင်တို့သည်ခြောက်ရက်ပတ်လုံးတဆေးမပါ သောမုန့်ကိုစား၍သတ္တမနေ့တွင်စုဝေးလျက် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ ထိုနေ့တွင်အလုပ်မလုပ်ရ။
9. ``ကောက်ပင်ကိုစတင်ရိတ်သည့်အချိန်မှစ၍ ရက်သတ္တခုနစ်ပတ်ရေတွက်လော့။-