4. သင်တို့နေထိုင်ရာပြည်တွင် ခုနစ်ရက်ပတ် လုံးမည်သူ၏အိမ်၌မျှတဆေးမရှိစေရ။ ပထမနေ့ညနေတွင်သတ်သောတိရစ္ဆာန်၏ အသားကိုလည်း ညတွင်းချင်းကုန်အောင် စားရမည်။''
5-6. ``သင်တို့ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်အခြားနေရာ များတွင် ပသခါပွဲတော်အတွက်ယဇ်ကောင် များကိုမသတ်ရ။ ကိုးကွယ်ရာတစ်ခုတည်း သောဌာန၌သာပသခါပွဲယဇ်ကောင်များ ကိုသတ်ရမည်။ သင်တို့သည်နေဝင်ချိန်တွင် အီဂျစ်ပြည်မှထွက်ခဲ့ရသည်။ သို့ဖြစ်၍ နေဝင်ချိန်၌ယဇ်ကောင်များကိုသတ်ရမည်။-
7. သင်တို့သည်ဝတ်ပြုရာတစ်ခုတည်းသော ဌာနတွင်ထိုအသားကိုပြုတ်၍စားပြီး လျှင် နောက်တစ်နေ့နံနက်၌နေအိမ်သို့ ပြန်ရကြမည်။-