တ​ရား​ဟော 13:4-7 Common Language Bible (BCL)

4. ထာ​ဝ​ရ​ဘု​ရား​၏​ဦး​ဆောင်​မှု​ကို​ခံ​ယူ​၍ ကိုယ် တော်​ကို​ကြောက်​ရွံ့​ရို​သေ​လော့။ ကိုယ်​တော်​၏ ပညတ်​တော်​တို့​ကို​စောင့်​ထိန်း​၍ စ​ကား​တော် ကို​နား​ထောင်​လော့။ ကိုယ်​တော်​ကို​ဝတ်​ပြု ကိုး​ကွယ်​၍ ကိုယ်​တော်​အား​သစ္စာ​ရှိ​လော့။-

5. သင်​တို့​အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ် တင်​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​ကို​ပုန် ကန်​ရန်​တိုက်​တွန်း​သော​ပ​ရော​ဖက် သို့​မ​ဟုတ် အိပ်​မက်​ဖတ်​တတ်​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ထို​သူ​သည်​သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သော​အ​သက်​ရှင်​ရာ​လမ်း​မှ သွေ ဖည်​သွား​စေ​ရန်​သွေး​ဆောင်​သူ​ဖြစ်​သည်။ ယင်း​ဒု​စ​ရိုက်​ကို သင်​တို့​မှ​ဖယ်​ရှား​ပစ်​ရန် ထို​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။''

6. ``သင်​၏​ညီ​အစ်​ကို၊ သင်​၏​သား​သ​မီး၊ သင်​ချစ် သော​ဇ​နီး၊ သင်​နှင့်​အ​လွန်​ရင်း​နှီး​သော​မိတ်​ဆွေ တစ်​ဦး​ဦး​က​ပင်​လျှင် သင်​နှင့်​သင်​၏​ဘိုး​ဘေး တို့​ယ​ခင်​က​ဝတ်​မ​ပြု​မ​ကိုး​ကွယ်​ဘူး​သော အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ရန်​တိတ်​တ​ဆိတ်​သွေး​ဆောင်​ပေ​လိမ့်​မည်။-

7. သူ​တို့​တစ်​ဦး​ဦး​က​သင်​တို့​အ​နီး​အ​ပါး တွင်​နေ​ထိုင်​သူ သို့​မ​ဟုတ်​သင်​တို့​နှင့်​ဝေး​သော အ​ရပ်​တွင်​နေ​ထိုင်​သူ​တို့​၏​ဘု​ရား​များ​ကို ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဖြား​ယောင်း​ပေ​လိမ့်​မည်။-

တ​ရား​ဟော 13