တ​ရား​ဟော 12:18-21 Common Language Bible (BCL)

18. သင်​တို့​နှင့်​သင်​တို့​၏​သား​သမီး​များ၊ ကျေး ကျွန်​များ၊ သင်​တို့​မြို့​ရွာ​များ​တွင်​နေ​ထိုင် သော​လေ​ဝိ​အ​မျိုး​သား​များ​သည် ဤ​ပူ​ဇော် သ​ကာ​များ​ကို​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​သည့်​တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​၌​သာ​စား​သုံး​ရ မည်။ သင်​တို့​သည်​ထို​ဌာ​န​တွင်​သင်​တို့​အ​လုပ် လုပ်​၍ ရ​ရှိ​သော​အ​စား​အ​စာ​များ​ကို​ပျော် ရွှင်​စွာ​စား​သုံး​ကြ​လော့။-

19. သင်​တို့​သည်​ပြည်​တော်​တွင်​အ​သက်​ရှင်​နေ ထိုင်​သ​မျှ​ကာ​လ​ပတ်​လုံး လေ​ဝိ​အ​မျိုး သား​တို့​ကို​မ​မေ့​ရန်​သ​တိ​ချပ်​လော့။''

20. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် က​တိ​တော်​ရှိ​သည့်​အ​တိုင်း​သင်​တို့​၏ ပြည်​နယ်​နိ​မိတ်​ကို​ကျယ်​ပြန့်​စေ​တော်​မူ သော​အ​ခါ သင်​တို့​သည်​အ​သား​ကို​စား လို​သ​မျှ​စား​နိုင်​သည်။-

21. အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ တစ်​ခု​တည်း​သော​ဌာ​န​သည် သင်​တို့​နှင့်​ဝေး ကွာ​လွန်း​လျှင်​ငါ​မှာ​ကြား​ထား​သည့်​အ​တိုင်း သင်​တို့​အ​လို​ဆန္ဒ​ရှိ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​သော​နွား​သို့ မ​ဟုတ်​သိုး​ကို​သတ်​၍ သင်​တို့​မြို့​ရွာ​များ တွင်​စား​ခွင့်​ရှိ​သည်။-

တ​ရား​ဟော 12