တ​ရား​ဟော 11:14-15-21 Common Language Bible (BCL)

2. ထာ​ဝ​ရ​ဘု​ရား​ကို​သင်​တို့​ကိုယ်​တိုင်​ထိ​တွေ့ သိ​မြင်​ခဲ့​ရ​သ​ဖြင့် ကိုယ်​တော်​၏​အ​ကြောင်း ကို​သိ​ရ​ပြီ​ဖြစ်​ကြောင်း​ယ​နေ့​သိ​မှတ်​ကြ လော့။ သင်​တို့​သာ​လျှင်​ထို​သို့​တွေ့​ကြုံ​ခံ​စား ခဲ့​ရ​ကြ​သည်။ သင်​တို့​၏​သား​သ​မီး​များ မူ​ကား ထို​အ​တွေ့​အ​ကြုံ​ကို​မ​ခံ​စား​ခဲ့​ရ ကြ။ ထာ​ဝ​ရ​ဘု​ရား​၏​ကြီး​မြတ်​တော်​မူ ခြင်း​ဘုန်း​တန်​ခိုး​တော်​နှင့်၊-

3. နိ​မိတ်​လက္ခ​ဏာ​များ​ကို​သင်​တို့​မြင်​ခဲ့​ရ​ကြ သည်။ ကိုယ်​တော်​သည်​အီ​ဂျစ်​ဘုရင်​နှင့်​သူ​၏​တိုင်း ပြည်​တစ်​ခု​လုံး​ကို မည်​ကဲ့​သို့​ဒဏ်​ခတ်​တော်​မူ သည်​ကို​သင်​တို့​မြင်​ခဲ့​ရ​၏။-

4. အီ​ဂျစ်​စစ်​တပ်​သည်​သင်​တို့​အား​လိုက်​လံ​တိုက် ခိုက်​စဉ်​က ကိုယ်​တော်​သည်​သူ​တို့​၏​မြင်း​များ၊ စစ်​ရ​ထား​များ​နှင့်​တ​ကွ​စစ်​တပ်​တစ်​ခု​လုံး ကို ပင်​လယ်​နီ​အ​တွင်း​၌​နစ်​မြုပ်​စေ​ခဲ့​ပုံ​ကို သင်​တို့​မြင်​ခဲ့​ရ​၏။-

5. သင်​တို့​ဤ​အ​ရပ်​သို့​မ​ရောက်​မီ​တော​ကန္တာ​ရ ၌​သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ပြု​တော် မူ​သော​အ​မှု​ကို​သင်​တို့​သိ​မြင်​ခဲ့​ရ​ကြ ပြီ။-

6. ရု​ဗင်​အ​နွယ်​ဝင်​ဧလျာဘ​၏​သား​များ​ဖြစ်​ကြ သော ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​အား​မည်​ကဲ့​သို့ စီ​ရင်​တော်​မူ​သည်​ကို​သင်​တို့​သတိ​ရ​ကြ​မည်။ လူ​အ​ပေါင်း​တို့​၏​မျက်​မှောက်​တွင်​သူ​တို့​သည် သူ​တို့​၏​မိ​သား​စု​များ၊ တဲ​များ၊ အ​စေ​ခံ များ၊ တိ​ရစ္ဆာန်​များ​နှင့်​တ​ကွ​မြေ​မျို​ခြင်း ခံ​ရ​၏။-

7. ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​အ​မှု​တော်​များ​ကို သင်​တို့ ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​ပြီ။''

8. ``ယ​နေ့​သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​လော့။ သို့​မှ​သာ လျှင်​သင်​တို့​သည် တစ်​ဖက်​ကမ်း​ရှိ​ပြည်​ကို​ဝင် ရောက်​သိမ်း​ပိုက်​နိုင်​လိမ့်​မည်။-

9. ထို့​အ​ပြင်​သင်​တို့​၏​ဘိုး​ဘေး​တို့​နှင့်​သူ​တို့ အ​ဆက်​အ​နွယ်​များ​အား​ပေး​မည်​ဟူ​၍ ထာ​ဝ​ရ ဘု​ရား​က​တိ​ထား​တော်​မူ​သော​အ​စာ​ရေ​စာ ပေါ​ကြွယ်​ဝ​သည့်​ပြည်​တွင် သင်​တို့​သည်​ကြာ ရှည်​စွာ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။-

14-15. သို့​မှ​သာ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ အ​တွက်​စပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ သင်​တို့ ၏​တိ​ရစ္ဆာန်​များ​အ​တွက် မြက်​စ​သည်​တို့​ကို ရ​ရှိ​စေ​ရန်​ဆောင်း​ဦး​ပေါက်​မိုး၊ နွေ​ဦး​ပေါက် မိုး​ကို​အ​ချိန်​တန်​သော​အ​ခါ​ရွာ​စေ​တော် မူ​မည်။ သင်​တို့​သည်​အ​စာ​ရေ​စာ​အ​လုံ အ​လောက်​ရ​ရှိ​လိမ့်​မည်။-

16. သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပယ်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​မ​ပြု​မ ကိုး​ကွယ်​မိ​စေ​ရန်​သ​တိ​ပြု​လော့။-

17. အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​အ​မျက် ထွက်​၍ မိုး​ကို​မ​ရွာ​စေ​သ​ဖြင့်​လယ်​မြေ​များ ခြောက်​သွေ့​၍ အ​သီး​အ​နှံ​များ​မ​ဖြစ်​ထွန်း နိုင်​ရှိ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​သော​ပြည်​သည်​ကောင်း​မွန်​သော် လည်း သင်​တို့​သည်​မ​ကြာ​မီ​သေ​ကြေ​ပျက်​စီး ကြ​လိမ့်​မည်။''

18. ``ဤ​ပညတ်​တော်​များ​ကို​အ​စဉ်​သ​တိ​ရ​၍ မြတ်​နိုး​လော့။ ယင်း​တို့​ကို​သ​တိ​ရ​စေ​ရန် သင်​တို့​၏​လက်​တွင်​လည်း​ကောင်း၊ န​ဖူး​ပေါ် တွင်​လည်း​ကောင်း​ချည်​ထား​လော့။-

19. သင်​တို့​၏​သား​သ​မီး​များ​အား​သင်​ကြား​ပေး လော့။ သင်​တို့​သည်​အိမ်​၌​ရှိ​သည်​ဖြစ်​စေ၊ ခ​ရီး သွား​သည်​ဖြစ်​စေ၊ နား​နေ​သည်​ဖြစ်​စေ၊ အ​လုပ် လုပ်​နေ​သည်​ဖြစ်​စေ ဤ​ပညတ်​များ​အ​ကြောင်း ကို​ပြော​ဆို​နေ​ရ​မည်။-

20. သင်​တို့​၏​အိမ်​တံ​ခါး​တိုင်​နှင့်​ဝင်း​တံ​ခါး​များ တွင် ယင်း​တို့​ကို​ရေး​ထား​ရ​မည်။-

21. သို့​ပြု​လျှင်​သင်​တို့​နှင့်​သင်​တို့​၏​သား​သ​မီး တို့​သည် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့ ၏​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု​ကတိ​ထား​သော ပြည်​၌​ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​လိမ့်​မည်။ မြေ​ပြင် အ​ထက်​မိုး​ကောင်း​ကင်​တည်​ရှိ​သ​မျှ​ကာ​လ ပတ်​လုံး သင်​တို့​သည်​ထို​ပြည်​၌​နေ​ထိုင်​ရ​ကြ လိမ့်​မည်။''

တ​ရား​ဟော 11