11. သို့ရာတွင်သင်တို့ဝင်ရောက်မည့်ပြည်သည် ကားတောင်များ၊ ချိုင့်ဝှမ်းများရှိ၍မိုးရေ ဖြင့်စိုက်ပျိုးနိုင်သောပြည်၊-
12. သင်တို့ဘုရားသခင်ထာဝရဘုရားသည် တစ်နှစ်ပတ်လုံးကြည့်ရှုစောင့်ရှောက်တော်မူ သောပြည်ဖြစ်သည်။''
13. ``သို့ဖြစ်၍သင်တို့အား ယနေ့ငါမှာကြားသော ပညတ်တော်များကိုစောင့်ထိန်းကြလော့။ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍အမှုတော်ကိုဆောင်ရွက် လော့။-
14-15. သို့မှသာထာဝရဘုရားသည်သင်တို့ အတွက်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ သင်တို့ ၏တိရစ္ဆာန်များအတွက် မြက်စသည်တို့ကို ရရှိစေရန်ဆောင်းဦးပေါက်မိုး၊ နွေဦးပေါက် မိုးကိုအချိန်တန်သောအခါရွာစေတော် မူမည်။ သင်တို့သည်အစာရေစာအလုံ အလောက်ရရှိလိမ့်မည်။-
16. သင်တို့သည်ထာဝရဘုရားကိုစွန့်ပယ်၍ အခြားသောဘုရားများကိုဝတ်မပြုမ ကိုးကွယ်မိစေရန်သတိပြုလော့။-
17. အခြားသောဘုရားများကိုဝတ်ပြုကိုးကွယ် လျှင် ထာဝရဘုရားသည်သင်တို့ကိုအမျက် ထွက်၍ မိုးကိုမရွာစေသဖြင့်လယ်မြေများ ခြောက်သွေ့၍ အသီးအနှံများမဖြစ်ထွန်း နိုင်ရှိလိမ့်မည်။ ထိုအခါထာဝရဘုရားပေး သနားတော်မူသောပြည်သည်ကောင်းမွန်သော် လည်း သင်တို့သည်မကြာမီသေကြေပျက်စီး ကြလိမ့်မည်။''
18. ``ဤပညတ်တော်များကိုအစဉ်သတိရ၍ မြတ်နိုးလော့။ ယင်းတို့ကိုသတိရစေရန် သင်တို့၏လက်တွင်လည်းကောင်း၊ နဖူးပေါ် တွင်လည်းကောင်းချည်ထားလော့။-
19. သင်တို့၏သားသမီးများအားသင်ကြားပေး လော့။ သင်တို့သည်အိမ်၌ရှိသည်ဖြစ်စေ၊ ခရီး သွားသည်ဖြစ်စေ၊ နားနေသည်ဖြစ်စေ၊ အလုပ် လုပ်နေသည်ဖြစ်စေ ဤပညတ်များအကြောင်း ကိုပြောဆိုနေရမည်။-
20. သင်တို့၏အိမ်တံခါးတိုင်နှင့်ဝင်းတံခါးများ တွင် ယင်းတို့ကိုရေးထားရမည်။-
21. သို့ပြုလျှင်သင်တို့နှင့်သင်တို့၏သားသမီး တို့သည် ဘုရားသခင်ထာဝရဘုရားက သင်တို့ ၏ဘိုးဘေးတို့အားပေးမည်ဟုကတိထားသော ပြည်၌ကြာရှည်စွာနေထိုင်ရလိမ့်မည်။ မြေပြင် အထက်မိုးကောင်းကင်တည်ရှိသမျှကာလ ပတ်လုံး သင်တို့သည်ထိုပြည်၌နေထိုင်ရကြ လိမ့်မည်။''
22. ``သင်တို့အားငါမှာကြားသောပညတ်တော် ရှိသမျှတို့ကို လိုက်နာရန်သတိပြုကြလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်၍ မိန့်တော်မူသမျှကိုလိုက်လျှောက်လျက် သစ္စာတော်ကိုစောင့်လော့။-