11. တစ်လစောင့်ဆိုင်း၍ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့ညနေတွင်ပွဲခံနိုင်ခွင့်ရှိသည်။ သူသည်သိုးသားကိုတဆေးမဲ့မုန့်၊ ခါးသောဟင်းသီးဟင်းရွက်တို့နှင့်စား၍ပသခါပွဲခံရမည်။-
12. နောက်တစ်နေ့နံနက်သို့တိုင်အောင်အစားအစာကိုမကျန်ကြွင်းစေရ။ သိုးကောင်၏အရိုးကိုမကျိုးစေရ။ ပြဋ္ဌာန်းချက်များအတိုင်းပသခါပွဲခံရမည်။-
13. တစ်စုံတစ်ယောက်သည်ဘာသာရေးထုံးနည်းအရ သန့်စင်လျက်နှင့် ခရီးမလွန်ဘဲရှိလျက်နှင့် ပသခါပွဲခံချိန်တွင်ငါ့အားပူဇော်သကာမဆက်သလျှင် ထိုသူ့ကိုငါ၏လူမျိုးတော်အထဲမှထုတ်ပယ်ရမည်။ သူသည်မိမိ၏အပြစ်အလျောက်ဒဏ်ခံရမည်။
14. ``သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြားသားတစ်ဦးသည်ပသခါပွဲခံလိုလျှင် သူသည်ပွဲတော်နှင့်ဆိုင်သောပြဋ္ဌာန်းချက်အားလုံးကိုလိုက်နာရမည်။ ဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြားဖြစ်စေဤပြဋ္ဌာန်းချက်များကိုလိုက်နာရမည်။
15-16. ထာဝရဘုရားစံတော်မူရာတဲတော်ကိုထူသောနေ့တွင် မိုးတိမ်သက်ဆင်းလာ၍တဲတော်ကိုဖုံးလွှမ်းလေသည်။ ညအချိန်တွင်မိုးတိမ်သည်မီးလျှံကဲ့သို့တောက်ပလျက်ရှိ၏။-