တော​လည် 6:1-8 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ပါ ညွှန်​ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။-

2. ယောကျာ်း​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ နာ​ဇ​ရိ​ဂိုဏ်း ဝင်​အ​ဖြစ်​ဖြင့်​အ​ထူး​အ​ဋ္ဌိ​ဋ္ဌာန်​ပြု​၍ မိ​မိ ကိုယ်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​လျှင်၊-

3. ထို​သူ​သည်​သေ​ရည်​သေ​ရက်​ကို​ရှောင်​ကြဉ်​ရ မည်။ သူ​သည်​စ​ပျစ်​ရည်​ကို​မ​သောက်​ရ၊ စ​ပျစ် သီး​စိမ်း​သို့​မ​ဟုတ်​စ​ပျစ်​ခြောက်​ကို​မ​စား ရ။-

4. သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ်​ဖြင့်​ရှိ​နေ သ​မျှ​ကာ​လ​ပတ်​လုံး​စ​ပျစ်​သီး​စေ့၊ စ​ပျစ် သီး​ခွံ​မှ​စ​၍​စ​ပျစ်​ပင်​မှ​ရ​သ​မျှ​ကို​မ စား​ရ။

5. သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ်​အ​ဋ္ဌိ​ဋ္ဌာန် ပြု​ထား​သည့်​ကာ​လ​အ​တွင်း မိ​မိ​၏​ဆံ​ပင် ကို​မ​ဖြတ်​ရ၊ မ​ရိတ်​ရ။ သူ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​ကပ်​ထား​သည့်​အ​ဋ္ဌိ​ဋ္ဌာန် ကာ​လ​အ​တွင်း မိ​မိ​၏​ဆံ​ပင်​နှင့်​မုတ်​ဆိတ် မွေး​ကို​မ​ဖြတ်​မ​ရိတ်​ရ။-

6-7. သူ​၏​ဆံ​ပင်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင် အား​ဆက်​ကပ်​သော​အ​မှတ်​လက္ခ​ဏာ​ဖြစ်​သည်။ ထို​ကြောင့်​သူ​သည်​မိ​မိ​ကိုယ်​ကို​မ​ညစ်​ညမ်း စေ​ရန်​လူ​သေ​အ​လောင်း​အ​နီး​သို့​မ​ချဉ်း ကပ်​ရ။ မိ​ဘ၊ ညီ​အစ်​ကို၊ နှ​မ​သေ​သော် လည်း​မ​ချဉ်း​ကပ်​ရ။-

8. သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​ဖြစ်​သည့်​ကာ​လ ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ထား သူ​ဖြစ်​သည်။

13-14. နာ​ဇ​ရိ​ဂိုဏ်း​ဝင်​သည်​အ​ဋ္ဌိ​ဋ္ဌာန်​ကာ​လ​ကုန် ဆုံး​သော​အ​ခါ ပြု​ရ​မည့်​ဝတ်​ကား​ဤ​သို့ တည်း။ သူ​သည်​မီး​ရှို့​ရာ​ယဇ်​အ​တွက် အ​ပြစ် အ​နာ​ကင်း​သော​တစ်​နှစ်​သား​သိုး​ထီး​က လေး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက် အ​ပြစ်​အ​နာ​ကင်း​သော​သိုး​အ​မ​တစ်​ကောင်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​အ​ပြစ်​အ​နာ ကင်း​သော​သိုး​ထီး​တစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​ရန် တဲ​တော်​တံ​ခါး​ဝ သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

22-23. အာ​ရုန်​နှင့်​သူ​၏​သား​တို့​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အောက်​ပါ​အ​တိုင်း ကောင်း​ချီး​မင်္ဂ လာ​ပေး​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ မှ​တစ်​ဆင့်​မိန့်​မှာ​တော်​မူ​၏။

တော​လည် 6