တော​လည် 36:4-7 Common Language Bible (BCL)

4. ရောင်း​ချ​သော​ပစ္စည်း​အား​လုံး​ကို​မူ​လ​ပိုင်​ရှင် များ​၏​လက်​သို့​ပြန်​အပ်​ရ​သော​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​ယု​ဘိ​လ​နှစ်​သို့​ရောက်​သော အ​ခါ ဇ​လော​ဖဒ်​သ​မီး​တို့​၏​မြေ​သည်​သူ​တို့ စုံ​ဖက်​သော​အ​နွယ်​ဝင်​တို့​လက်​သို့​အ​မြဲ​တမ်း ရောက်​ရှိ​မည်​ဖြစ်​၍ အ​ကျွန်ုပ်​တို့​၏​အ​နွယ် အ​တွက်​ဆုံး​ရှုံး​နစ်​နာ​ပါ​သည်'' ဟု​လျှောက် ထား​ကြ​သည်။

5. ထို​အ​ခါ​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ဆင့်​ဆို​လေ​၏။ မော​ရှေ​က``မ​နာ ရှေ​၏​အ​နွယ်​ဝင်​တို့​လျှောက်​ထား​ချက်​သည် မှန်​ကန်​သ​ဖြင့်၊-

6. ထာ​ဝ​ရ​ဘု​ရား​က`ဇ​လော​ဖဒ်​၏​သ​မီး​တို့ သည် မိ​မိ​တို့​ကြိုက်​နှစ်​သက်​သော​ယောကျာ်း​နှင့် စုံ​ဖက်​နိုင်​၏။ သို့​ရာ​တွင်​ထို​ယောကျာ်း​သည် မိ​မိ တို့​၏​အ​နွယ်​ဝင်​ဖြစ်​ရ​မည်' ဟု​မိန့်​တော်​မူ​၏။-

7. ဣ​သ​ရေ​လ​အ​မျိုး​သား​တိုင်း​ပိုင်​ဆိုင်​သော အ​မွေ​မြေ​ကို မိ​မိ​နှင့်​သက်​ဆိုင်​ရာ​အ​နွယ် လက်​မှ​အ​ခြား​အ​နွယ်​လက်​သို့​မ​လွှဲ မ​ပြောင်း​ရ။-

တော​လည် 36