1. ယေရိခေါမြို့တစ်ဘက်ယော်ဒန်မြစ်နားရှိ မောဘလွင်ပြင်၌ ထာဝရဘုရားသည် မောရှေအား၊-
10. ``သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး၍ ခါနာန်ပြည်သို့ဝင်ရောက်သောအခါ၊-
11. ကြိုတင်ကြံရွယ်ခြင်းမရှိဘဲနှင့်လူတစ်ဦး အားသတ်မိသူသည် ထွက်ပြေးခိုလှုံနိုင်သည့် မြို့များကိုရွေးချယ်သတ်မှတ်ရမည်။-
12. ထိုမြို့များတွင်သူသည်သေဆုံးသူနှင့်သွေး တော်စပ်သူ၏လက်စားချေခြင်းမှလွတ်ကင်း လိမ့်မည်။ လူအသက်ကိုသတ်သောသူအား လူ ပရိသတ်ရှေ့တရားရုံးတွင်စီရင်ခြင်းမပြု ဘဲသေစားမသေစေရ။-
13-14. ယော်ဒန်မြစ်အရှေ့ဘက်တွင်သုံးမြို့၊ ခါနာန် ပြည်ထဲတွင်သုံးမြို့၊ စုစုပေါင်းခြောက်မြို့ကို ရွေးချယ်လော့။-