40. ထိုအချိန်၌ခါနာန်ပြည်တောင်ပိုင်းတွင် စိုးစံသောအာရဒ်ဘုရင်သည် ဣသရေလ အမျိုးသားတို့ချီတက်လာနေကြောင်း ကြားသိရလေ၏။
41-49. ဟောရတောင်မှမောဘလွင်ပြင်သို့သွား သောခရီးလမ်းတွင် ဣသရေလအမျိုး သားတို့ရပ်နားခဲ့သောစခန်းများနာမည် စာရင်းမှာဇာလမောန၊ ပုနုန်၊ သြဗုတ်၊ မောဘပြည်ထဲရှိဣဇာဗာရိမ်၊ ဒိဗုန်ဂဒ်၊ အာလမုန်ဒိ ဗလသိမ်၊ နေဗောတောင်အနီး ရှိအာဗရိမ်တောင်၊ ဗက်ယေရှိမုတ်နှင့်အာ ကာရှားချိုင့်ဝှမ်းအကြားယေရိခေါမြို့ တစ်ဖက်ယော်ဒန်မြစ်နားရှိမောဘလွင် ပြင်တို့ဖြစ်သည်။
50. ယေရိခေါမြို့တစ်ဖက်ယော်ဒန်မြစ်အနီး ရှိမောဘလွင်ပြင်တွင် ထာဝရဘုရားသည် မောရှေမှတစ်ဆင့်ဣသရေလအမျိုးသား တို့အား၊-
51. မိန့်မှာတော်မူသည်ကား``သင်တို့သည်ယော်ဒန် မြစ်ကိုကူး၍ ခါနာန်ပြည်သို့ဝင်ရောက်သော အခါ၊-
52. ထိုပြည်တွင်နေထိုင်သူအပေါင်းတို့ကိုနှင် ထုတ်ရမည်။ သူတို့၏ကျောက်ရုပ်ဘုရား၊ သတ္တု ရုပ်ဘုရားများနှင့်သူတို့ဝတ်ပြုကိုးကွယ် ရာဌာနရှိသမျှတို့ကိုဖျက်ဆီးပစ်ရ မည်။-
53. ငါသည်ထိုပြည်ကိုသင်တို့အားပေးသဖြင့် သင်တို့သည် ထိုပြည်ကိုသိမ်းပိုက်၍အခြေ ချနေထိုင်ကြရမည်။-
54. ဣသရေလအနွယ်များနှင့်သားချင်းစု အသီးသီးတို့အား ထိုပြည်ကိုမဲချ၍ခွဲ ဝေပေးရမည်။ သားချင်းစုဦးရေအနည်း အများအလိုက် မြေကိုအချိုးချခွဲဝေ ပေးရမည်။-
55. သင်တို့သည်ထိုပြည်သားတို့ကိုမနှင်ထုတ် လျှင် ကျန်ရှိနေသောသူတို့သည်ဆူးငြောင့် သဖွယ်ဖြစ်၍သင်တို့ကိုရန်မူကြလိမ့်မည်။-
56. သင်တို့သည်ထိုပြည်သားတို့ကိုမနှင်ထုတ် လျှင် ငါသည်သူတို့အားပေးမည့်ဒဏ်ကိုသင် တို့အပေါ်သို့ကျရောက်စေမည်'' ဟူ၍ဖြစ် သည်။