တော​လည် 33:13-40 Common Language Bible (BCL)

13. ထို​မှ​တစ်​ဆင့်​အာ​လု​ရှ​စ​ခန်း​၌​လည်း ကောင်း​ရပ်​နား​ကြ​၏။-

14. တစ်​ဖန်​ခ​ရီး​ဆက်​ကြ​ရာ​လူ​တို့​အ​တွက် သောက်​ရေ​မ​ရှိ​သော​ရေ​ဖိ​ဒိမ်​စ​ခန်း​သို့ ရောက်​ကြ​၏။

15-37. သူ​တို့​သည်​ရေ​ဖိ​ဒိမ်​စ​ခန်း​မှ​ဟော​ရ​တောင် သို့ သွား​သော​ခ​ရီး​လမ်း​တွင်​ရပ်​နား​သော စ​ခန်း​များ​နာ​မည်​စာ​ရင်း​မှာ​သိ​နာ​တော ကန္တာ​ရ၊ ကိ​ဗြုတ်​ဟတ္တ​ဝါ​သို့​မ​ဟုတ်``မွတ်​သိပ် ရာ​သင်္ချိုင်း၊'' ဟာ​ဇ​ရုတ်၊ ရိ​သ​မ၊ ရိမ္မုန်​ဖာ​ရက်၊ လိ​ဗ​န၊ ရိ​ဿ၊ ကေ​ဟ​လာ​သ၊ ရှာ​ဖာ​တောင်၊ ဟာ​ရ​ဒ၊ မက္က​လုတ်၊ တာ​ဟတ်၊ တာ​ရ၊ မိ​သ​ကာ၊ ဟာ​ရှ​မော​န၊ မော​သ​ရုတ်၊ ဗင်္ယာ​ကန်၊ ဟော​ရ ဂိဒ်​ဂဒ်၊ ယုမ္ဘာ​သ၊ ဧ​ဗြော​န၊ ဧ​ဇ​ယုန်​ဂါ​ဗာ၊ ဇိ​န​တော​ကန္တာ​ရ(ယင်း​သည်​ကာ​ဒေ​ရှ​ဖြစ်​၏) ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ​ဟော​ရ​တောင်​တို့​ဖြစ် သည်။

38-39. ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ယဇ် ပု​ရော​ဟိတ်​အာ​ရုန်​သည်​ဟော​ရ​တောင်​ပေါ် သို့​တက်​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အီ​ဂျစ်​ပြည်​မှ ထွက်​လာ​ခဲ့​ပြီး​နောက် လေး​ဆယ်​မြောက်​သော​နှစ်၊ ပဉ္စ​မ​လ၊ လ​ဆန်း တစ်​ရက်​နေ့​တွင်​အ​သက်​တစ်​ရာ့​နှစ်​ဆယ့် သုံး​နှစ်​ရှိ​သော​အာ​ရုန်​သည် ထို​တောင်​ပေါ် တွင်​အ​နိစ္စ​ရောက်​လေ​သည်။

40. ထို​အ​ချိန်​၌​ခါ​နာန်​ပြည်​တောင်​ပိုင်း​တွင် စိုး​စံ​သော​အာ​ရဒ်​ဘု​ရင်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ချီ​တက်​လာ​နေ​ကြောင်း ကြား​သိ​ရ​လေ​၏။

တော​လည် 33