7. ထာဝရဘုရားကမောရှေအားအမိန့်ပေး တော်မူသည်အတိုင်း သူတို့သည်မိဒျန်အမျိုး သားတို့ကိုတိုက်ခိုက်ရာ၊-
8. မိဒျန်ဘုရင်ငါးပါးဖြစ်ကြသောဧဝိ၊ ရေ ကင်၊ ဇုရ၊ ဟုရနှင့်ရေဘတို့အပါအဝင် ယောကျာ်းအားလုံးကို သတ်ဖြတ်သုတ်သင်ခဲ့ ကြလေသည်။ ဗောရ၏သားဗာလမ်ကို လည်းသတ်ခဲ့ကြ၏။
9. ဣသရေလအမျိုးသားတို့သည် မိဒျန် အမျိုးသမီးနှင့် ကလေးများကိုသုံ့ပန်း အဖြစ်ဖမ်းဆီး၍သူတို့၏သိုး၊ နွား တိရစ္ဆာန်တို့နှင့်တကွပစ္စည်းဥစ္စာရှိသမျှ ကိုသိမ်းယူလေ၏။-
10. သူတို့၏မြို့နှင့်စခန်းရှိသမျှတို့ကို လည်းမီးရှို့ဖျက်ဆီးပစ်ကြ၏။-
11. သူတို့သည်သိမ်းယူရရှိသမျှသောဥစ္စာ ပစ္စည်း၊ သုံ့ပန်းနှင့်တိရစ္ဆာန်တို့ကို၊-
12. ယေရိခေါမြို့တစ်ဖက်ယော်ဒန်မြစ်နားရှိ မောဘလွင်ပြင်တွင် စခန်းချလျက်ရှိသော မောရှေ၊ ဧလာဇာနှင့်ဣသရေလအမျိုး သားတို့ထံယူဆောင်ခဲ့ကြလေသည်။
13. မောရှေ၊ ဧလာဇာနှင့်ဣသရေလခေါင်း ဆောင်အပေါင်းတို့သည် စခန်းအပြင်သို့ ထွက်၍တပ်သားများကိုဆီးကြိုကြ၏။-
14. သို့ရာတွင်မောရှေသည်တိုက်ပွဲပြန်တပ် ရင်းမှူး၊ တပ်ခွဲမှူးစသောအရာရှိတို့ ကိုအမျက်ထွက်၍၊-