13. ပထမနေ့တွင်အပြစ်အနာကင်းသောနွား ထီးပျိုတစ်ဆယ့်သုံးကောင်၊ သိုးထီးနှစ်ကောင် နှင့်တစ်နှစ်သားအရွယ်သိုးထီးတစ်ဆယ့်လေး ကောင်တို့ကိုထာဝရဘုရားနှစ်သက်ဖွယ် ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
14. မီးရှို့ရာယဇ်နှင့်တွဲဖက်၍သံလွင်ဆီရောသော မုန့်ညက်ကို ဘောဇဉ်သကာအဖြစ်ပူဇော်ရမည်။ နွားထီးတစ်ကောင်စီနှင့်အတူမုန့်ညက်ခြောက် ပေါင်ကိုလည်းကောင်း၊ သိုးထီးတစ်ကောင်စီနှင့် အတူမုန့်ညက်လေးပေါင်ကိုလည်းကောင်း၊-
15. သိုးကလေးတစ်ကောင်စီနှင့်အတူမုန့်ညက် နှစ်ပေါင်ကိုလည်းကောင်း၊ လိုအပ်သောစပျစ် ရည်သကာများကိုလည်းကောင်းပူဇော်ရမည်။-
16. ထို့ပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီး တစ်ကောင်ကိုလည်းပူဇော်ရမည်။ ဤပူဇော် သကာများကိုနေ့စဉ်မီးရှို့ရာသကာနှင့် တကွဘောဇဉ်သကာ၊ စပျစ်ရည်သကာတို့ အပြင်ပူဇော်ရမည်။
17. ဒုတိယနေ့တွင်အပြစ်အနာကင်းသောနွား ထီးပျိုတစ်ဆယ့်နှစ်ကောင်၊ သိုးထီးနှစ်ကောင် နှင့်တစ်နှစ်သားအရွယ်သိုးထီးတစ်ဆယ့် လေးကောင်ကိုပူဇော်ရမည်။-
18-19. ထို့အပြင်ပထမနေ့တွင်ပူဇော်ရသည့် သကာများကိုလည်းပူဇော်ရမည်။
20. တတိယနေ့တွင်အပြစ်အနာကင်းသော နွားထီးပျိုတစ်ဆယ့်တစ်ကောင်၊ သိုးထီးနှစ် ကောင်နှင့်တစ်နှစ်သားအရွယ်သိုးထီးတစ် ဆယ့်လေးကောင်ကိုပူဇော်ရမည်။-
21-22. ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
23. စတုတ္ထနေ့တွင်အပြစ်အနာကင်းသောနွားပျို ဆယ်ကောင်၊ သိုးထီးနှစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးတစ်ဆယ့်လေးကောင်ကိုပူဇော် ရမည်။-
24-25. ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
26. ပဉ္စမနေ့တွင်အပြစ်အနာကင်းသောနွားပျို ကိုးကောင်၊ သိုးထီးနှစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးတစ်ဆယ့်လေးကောင်ကို ပူဇော်ရမည်။-
27-28. ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
29. ဆဋ္ဌမနေ့တွင်အပြစ်အနာကင်းသောနွား ပျိုရှစ်ကောင်၊ သိုးထီးနှစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးတစ်ဆယ့်လေးကောင်ကိုပူဇော် ရမည်။-
30-31. ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
32. သတ္တမနေ့တွင်အပြစ်အနာကင်းသောနွား ပျိုခုနစ်ကောင်၊ သိုးထီးနှစ်ကောင်နှင့်တစ်နှစ် သားအရွယ်သိုးထီးတစ်ဆယ့်လေးကောင် ကိုပူဇော်ရမည်။-
33-34. ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
35. အဋ္ဌမနေ့တွင်သင်တို့သည်စုဝေးဝတ်ပြုရ မည်။ ထိုနေ့၌အလုပ်မလုပ်ရ။-
36. အပြစ်အနာကင်းသောနွားပျိုတစ်ကောင်၊ သိုး ထီးတစ်ကောင်နှင့်တစ်နှစ်သားအရွယ်သိုးထီး ခုနစ်ကောင်ကိုထာဝရဘုရားနှစ်သက်ဖွယ် ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
37-38. ထို့ပြင်ပထမနေ့၌ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
39. ဤပြဋ္ဌာန်းချက်များကားသတ်မှတ်ထားသော ပွဲနေ့များ၌ ထာဝရဘုရားအားပူဇော်ရ မည့်မီးရှို့ရာသကာများ၊ ဘောဇဉ်သကာများ၊ စပျစ်ရည်သကာများနှင့်မိတ်သဟာယသကာ များနှင့်ဆိုင်သောပြဋ္ဌာန်းချက်များဖြစ်သည်။ ဤသကာများသည်ကတိဝတ်ဖြည့်သောသကာ၊ စေတနာအလျောက်ဆက်သသောသကာများ အပြင်ထာဝရဘုရားပြဋ္ဌာန်းသောသကာ များဖြစ်သည်။