12. ဘောဇဉ်သကာအဖြစ်သံလွင်ဆီရောထားသော မုန့်ညက်ကိုဆက်သရမည်။ နွားတစ်ကောင်စီနှင့် အတူမုန့်ညက်ခြောက်ပေါင်ကိုလည်းကောင်း၊ သိုး ထီးနှင့်အတူမုန့်ညက်လေးပေါင်ကိုလည်း ကောင်း၊-
13. သိုးကလေးတစ်ကောင်စီနှင့်အတူမုန့်ညက် နှစ်ပေါင်ကိုလည်းကောင်းဆက်သရမည်။ ဤ မီးရှို့ရာသကာများသည်ပူဇော်သကာများ ဖြစ်၍ ယင်း၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။-
14. ထိုမီးရှို့ရာယဇ်တို့နှင့်တွဲ၍ဆက်သရသော စပျစ်ရည်သကာမှာ နွားထီးတစ်ကောင်စီနှင့် အတူစပျစ်ရည်လေးပိုင့်၊ သိုးထီးနှင့်အတူ စပျစ်ရည်သုံးပိုင့်၊ သိုးကလေးတစ်ကောင်စီ နှင့်အတူစပျစ်ရည်နှစ်ပိုင့်ကိုပူဇော်ရမည်။-
15. နေ့စဉ်ဆက်သရသောမီးရှို့ရာယဇ်နှင့်တကွ စပျစ်ရည်သကာအပြင်ဆိတ်ထီးတစ်ကောင် ကိုလည်းအပြစ်ဖြေရာယဇ်အဖြစ်ပူဇော် ရမည်။
16. နှစ်စဉ်ပထမလတစ်ဆယ့်လေးရက်နေ့တွင် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း သောပသခါပွဲတော်ကိုကျင်းပရမည်။-
17. တစ်ဆယ့်ငါးရက်နေ့မှအစပြု၍ခုနစ်ရက် တိုင်တိုင် ဋ္ဌမ္မပွဲတော်ကိုကျင်းပရမည်။ ထိုပွဲ တော်ရက်အတွင်းတဆေးမဲ့မုန့်ကိုသာစား ရမည်။-