တော​လည် 27:3-13 Common Language Bible (BCL)

3. ``ကျွန်​မ​တို့​၏​ဖ​ခင်​သည်​တော​ကန္တာ​ရ​၌ သေ ဆုံး​ခဲ့​ရာ​သား​ယောကျာ်း​ဟူ​၍​တစ်​ယောက်​မျှ မ​ကျန်​ရစ်​ပါ။ ဖ​ခင်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပုန်​ကန်​သော​ကော​ရ​၏​လူ​စု​တွင်​မ​ပါ ဝင်​ခဲ့​ပါ။ သူ​သည်​မိ​မိ​၏​အ​ပြစ်​ကြောင့်​သေ ဆုံး​ခဲ့​ရ​ပါ​သည်။-

4. သူ​၌​သား​ယောကျာ်း​မ​ထွန်း​ကား​သော​ကြောင့် သူ​၏​နာ​မည်​သည်​ဣ​သ​ရေ​လ​အ​မျိုး​မှ ပျောက်​ကွယ်​သွား​ရ​မည်​လော။ ကျွန်​မ​တို့​ဖ​ခင် ၏​ဆွေ​မျိုး​သား​ချင်း​တို့​အား​မြေ​ခွဲ​ဝေ​ပေး သ​ကဲ့​သို့ ကျွန်​မ​တို့​အား​ခွဲ​ဝေ​ပေး​ပါ'' ဟု​တောင်း​လျှောက်​ကြ​လေ​သည်။

5. ထို​အ​ခါ​မော​ရှေ​သည်​သူ​တို့​၏​တောင်း​ဆို ချက်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တင်​လျှောက် ရာ၊-

6. ထာ​ဝ​ရ​ဘုရား​က၊

7. ``ဇ​လော​ဖဒ်​၏​သ​မီး​များ​တောင်း​ဆို​ချက်​သည် သင့်​လျော်​သ​ဖြင့်​သူ​တို့​ဖ​ခင်​၏​ဆွေ​မျိုး​သား ချင်း​တို့​အား​မြေ​ခွဲ​ဝေ​ပေး​သ​ကဲ့​သို့ သူ​တို့ အား​ခွဲ​ဝေ​ပေး​လော့။ သူ​တို့​ဖ​ခင်​၏​အ​မွေ ကို​သူ​တို့​ဆက်​ခံ​ကြ​စေ။-

8. တစ်​စုံ​တစ်​ယောက်​သည်​သား​ယောကျာ်း​မ​ကျန် ရစ်​ဘဲ သေ​ဆုံး​ခဲ့​သည်​ရှိ​သော်​သူ​၏​သ​မီး​သည် ထို​သူ​၏​အ​မွေ​ကို​ဆက်​ခံ​ရ​မည်​ဖြစ်​ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကြား​ပြော လော့။-

9. အ​ကယ်​၍​ထို​သူ​၌​သ​မီး​လည်း​မ​ကျန်​ရစ် ခဲ့​လျှင် သူ​၏​ညီ​အစ်​ကို​တို့​သည်​သူ​၏​အ​မွေ ကို​ဆက်​ခံ​ရ​မည်။-

10. အ​ကယ်​၍​ထို​သူ​၌​ညီ​အစ်​ကို​များ​လည်း မ​ကျန်​ရစ်​လျှင်​သူ​၏​ဘ​ကြီး၊ ဘ​ထွေး​တို့ က​အ​မွေ​ကို​ဆက်​ခံ​ရ​မည်။-

11. ထို​သူ​၌​ညီ​အစ်​ကို​သို့​မ​ဟုတ်​ဘ​ကြီး​ဘ​ထွေး များ​မ​ကျန်​ရစ်​ခဲ့​လျှင် အ​နီး​စပ်​ဆုံး​ဆွေ​မျိုး အား​အ​မွေ​ကို​ဆက်​ခံ​သိမ်း​ပိုက်​စေ​ရ​မည်။ ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဤ​စီ​ရင်​ထုံး​ဖွဲ့​ချက်​ကို​လိုက်​နာ​ဆောင် ရွက်​ကြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

12. တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``အာ​ဗ ရိမ်​တောင်​ပေါ်​သို့​တက်​၍​ဣသ​ရေ​လ​အ​မျိုး​သား တို့​အား ငါ​ပေး​မည့်​ပြည်​ကို​မျှော်​ကြည့်​လော့။-

13. အာ​ရုန်​အ​နိစ္စ​ရောက်​သ​ကဲ့​သို့​သင်​သည် ထို ပြည်​ကို​မျှော်​ကြည့်​ပြီး​သော​အ​ခါ​၌ အ​နိစ္စ​ရောက်​လိမ့်​မည်။-

တော​လည် 27