တော​လည် 26:18-28 Common Language Bible (BCL)

18. ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ လေး​သောင်း ငါး​ရာ​ယောက်​ဖြစ်​သည်။

19. ယု​ဒ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ (ယု​ဒ ၏​သား​နှစ်​ယောက်​ဖြစ်​သော​ဧ​ရ​နှင့်​သြ​နန် တို့​သည်​ခါ​နာန်​ပြည်​တွင်​သေ​ဆုံး​ခဲ့​ကြ​၏။-)

20. ရှေ​လ​၏​သား​ချင်း​စု၊ ဖာ​ရဇ်​၏​သား​ချင်း​စု၊ ဇေ​ရ​၏​သား​ချင်း​စု၊-

21. ဟေ​ဇ​ရုံ​၏​သား​ချင်း​စု​နှင့်​ဟာ​မု​လ​၏​သား ချင်း​စု​တို့​ဖြစ်​သည်။-

22. ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ ခု​နစ်​သောင်း ခြောက်​ထောင့်​ငါး​ရာ​ယောက်​ဖြစ်​သည်။

23. ဣ​သ​ခါ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ တော​လ ၏​သား​ချင်း​စု၊ ဖု​ဝါ​၏​သား​ချင်း​စု၊-

24. ယာ​ရှုပ်​၏​သား​ချင်း​စု​နှင့်​ရှိ​မ​ရုန်​၏​သား​ချင်း​စု တို့​ဖြစ်​သည်။-

25. ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ ခြောက်​သောင်း လေး​ထောင့်​သုံး​ရာ​ယောက်​ဖြစ်​သည်။

26. ဇာ​ဗု​လုန်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ​သ​ရက် ၏​သား​ချင်း​စု၊ ဧ​လုန်​၏​သား​ချင်း​စု​နှင့်​ယာ လေ​လ​၏​သား​ချင်း​စု​တို့​ဖြစ်​သည်။-

27. ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​ခြောက်​သောင်း ငါး​ရာ​ယောက်​ဖြစ်​သည်။

28. ယော​သပ်​အ​နွယ်​များ​မှာ မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​တို့ ဖြစ်​သည်။ ယော​သပ်​သည် မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​တို့ ၏​ဖ​ခင်​ဖြစ်​သည်။

တော​လည် 26