1. ပထမလတွင်ဣသရေလအမျိုးသားတို့ သည် ဇိနဟုခေါ်သောတောကန္တာရသို့ရောက်၍ ကာဒေရှအရပ်၌စခန်းချကြသည်။ ထို အရပ်တွင်မိရိအံသေဆုံးသဖြင့် သူ့အလောင်း ကိုမြှုပ်နှံသင်္ဂြိုဟ်လိုက်ကြ၏။
2. စခန်းချရာအရပ်တို့တွင်ရေမရှိသောကြောင့် သူတို့သည်မောရှေနှင့်အာရုန်တို့ထံသို့စုရုံး လာကြပြီးလျှင်၊-
3. ``အကျွန်ုပ်တို့သည်ယခုကဲ့သို့သောဆင်းရဲ ဒုက္ခခံရသည်ထက် အကျွန်ုပ်တို့၏သားချင်း များနှင့်အတူထာဝရဘုရား၏တဲတော် ရှေ့တွင်သေရသည်ကပို၍ကောင်းပါသေး သည်။-
22-23. ဣသရေလအမျိုးသားတို့သည်ကာဒေရှ အရပ်မှထွက်ခွာခဲ့ရာ ဧဒုံပြည်နယ်စပ်ရှိ ဟောရတောင်သို့ရောက်ရှိကြလေသည်။ ထို အရပ်တွင်ထာဝရဘုရားက မောရှေနှင့် အာရုန်တို့အား၊-