8. ထာဝရဘုရားသည်အာရုန်အား``မီးရှို့ရာ ယဇ်မဟုတ်သောအထူးပူဇော်သကာဟူ သမျှတို့ကို သင်နှင့်သင်၏သားတို့အား ငါပေးသည်။ ဤဝေစုကိုသင်နှင့်သင်၏ သားအစဉ်အဆက်တို့အားငါပေး၏။-
9. မီးရှို့ရာသကာမဟုတ်သည့်ထူးမြတ်သော သကာများအနက် သင်ပိုင်ဆိုင်သောသကာ များမှာဘောဇဉ်သကာ၊ အပြစ်ဖြေရာ သကာနှင့်အပြစ်ဒဏ်ပြေရာသကာတို့ ဖြစ်သည်။ ငါ့အားဆက်သသောသကာ ဟူသမျှသည်သင်နှင့်သင်၏သားများ ပိုင်ဆိုင်၏။-
10. သကာများကိုသန့်ရှင်းသောဌာနတွင်စားရ မည်။ အမျိုးသားများသာလျှင်စားရမည်။ ထို အစာသည်သန့်ရှင်းသောအစာဖြစ်၏။
11. ``ထို့အပြင်ဣသရေလအမျိုးသားတို့ဆက် သသော အခြားအထူးပူဇော်သကာများသည် လည်းသင်တို့နှင့်ဆိုင်၏။ ထိုပူဇော်သကာများ သည် သင်နှင့်သင်၏သားမြေးအစဉ်အဆက် တို့ခံစားရမည့်ဝေစုဖြစ်သည်။ သင့်အိမ်ထောင် ၌ဘာသာရေးထုံးနည်းအရသန့်စင်သူတိုင်း ထိုအစားအစာကိုစားနိုင်သည်။