တော​လည် 15:17-18-23 Common Language Bible (BCL)

2. မော​ရှေ​မှ​တစ်​ဆင့်​အောက်​ပါ​အ​တိုင်း ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။-

3. ``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့ ရာ​ယဇ်​ဖြစ်​စေ၊ သစ္စာ​ဝတ်​ဖြေ​ရာ​ယဇ်​ဖြစ် စေ၊ စေ​တ​နာ​အ​လျောက်​ပူ​ဇော်​သော​သ​ကာ ကို​ဖြစ်​စေ​ကျင်း​ပ​မြဲ​ဘာ​သာ​ရေး​ပွဲ​တော် များ​၌ ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​ကို​ဖြစ် စေ​ပူ​ဇော်​သည့်​အ​ခါ သိုး၊ နွား၊ ဆိတ်​တို့​ကို ပူ​ဇော်​နိုင်​သည်။ ဤ​သ​ကာ​တို့​၏​ရ​နံ့​ကို ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။-

6. သိုး​ထီး​ကို​ပူ​ဇော်​သည့်​အ​ခါ​ဘော​ဇဉ် သကာ​အ​ဖြစ် သံ​လွင်​ဆီ​သုံး​ပိုင့်​နှင့်​ရော ထား​သော​မုန့်​ညက်​လေး​ပေါင်​အ​ပြင်၊-

7. စ​ပျစ်​ရည်​သုံး​ပိုင့်​ကို​လည်း​ဆက်​သ​ရ​မည်။ ဤ​သ​ကာ​တို့​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။-

8. ထာ​ဝ​ရ​ဘု​ရား​အား​နွား​ထီး​ကို​မီး​ရှို့ ရာ​ယဇ်​သို့​မ​ဟုတ်​သစ္စာ​ဝတ်​ဖြေ​ရာ​ယဇ် သို့​မ​ဟုတ်​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ ဇော်​သော​အ​ခါ၊-

9. သံ​လွင်​ဆီ​လေး​ပိုင့်​နှင့်​ရော​ထား​သော​မုန့် ညက်​ခြောက်​ပေါင်​အ​ပြင်၊-

17-18. ထာ​ဝ​ရ​ဘု​ရား​သည်​ပေး​တော်​မူ​မည့်​ပြည် တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လိုက်​နာ ရန်​ပ​ညတ်​များ​ကို မော​ရှေ​မှ​တစ်​ဆင့် အောက်​ပါ​အ​တိုင်း​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။-

19. ထို​ပြည်​မှ​ထွက်​သော​သီး​နှံ​ကို​စား​သုံး​ကြ သော​အ​ခါ အ​ချို့​ကို​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။-

20. ကောက်​သစ်​မှ​ရ​သော​မုန့်​ညက်​ဖြင့်​လုပ်​သည့် အ​ဦး​ဆုံး​မုန့်​ကို ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​သ​ရ​မည်။ ကောက်​နယ်​တ​လင်း​မှ​ရ​သော​စ​ပါး​ကို အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​သ​သည့်​နည်း တူ​ဤ​မုန့်​ကို​ဆက်​သ​ရ​မည်။-

21. သင်​တို့​ဖုတ်​သော​မုန့်​မှ​ဤ​အ​ထူး​လှူ​ဖွယ် ကို​ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​အ​မျိုး အ​စဉ်​အ​ဆက်​ပူ​ဇော်​ဆက်​သ​ရ​မည်။

22. အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​သည်​ဤ​ပ​ညတ် အ​ချို့​ကို အ​မှတ်​မ​ထင်​ဖောက်​ဖျက်​မိ​လျှင် သော်​လည်း​ကောင်း၊-

23. နောင်​အ​ခါ​တွင်​တစ်​မျိုး​သား​လုံး​သည် မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​ပြ​ဋ္ဌာန်း သော​ပ​ညတ်​ရှိ​သ​မျှ​အ​တိုင်း​မ​ကျင့် လျှင်​သော်​လည်း​ကောင်း၊-

တော​လည် 15