15. သင်တို့တွင်တည်းခိုနေထိုင်သောလူမျိုးခြား တို့သည် ဤပြဋ္ဌာန်းချက်များကိုနောင်အစဉ် အဆက်စောင့်ထိန်းရကြမည်။ သင်တို့နှင့်လူ မျိုးခြားတို့သည် ထာဝရဘုရား၏ရှေ့ တော်တွင်ညီတူညီမျှဖြစ်ကြသဖြင့်၊-
16. သင်တို့နှင့်သူတို့အတွက်ပြဋ္ဌာန်းချက်များ သည်လည်း တပြေးညီဖြစ်စေရမည်။
17-18. ထာဝရဘုရားသည်ပေးတော်မူမည့်ပြည် တွင် ဣသရေလအမျိုးသားတို့လိုက်နာ ရန်ပညတ်များကို မောရှေမှတစ်ဆင့် အောက်ပါအတိုင်းပြဋ္ဌာန်းပေးတော်မူ၏။-
19. ထိုပြည်မှထွက်သောသီးနှံကိုစားသုံးကြ သောအခါ အချို့ကိုထာဝရဘုရားအား အထူးလှူဖွယ်အဖြစ်သီးသန့်ထားရမည်။-
20. ကောက်သစ်မှရသောမုန့်ညက်ဖြင့်လုပ်သည့် အဦးဆုံးမုန့်ကို ထာဝရဘုရားအား အထူးလှူဖွယ်အဖြစ်ဆက်သရမည်။ ကောက်နယ်တလင်းမှရသောစပါးကို အထူးလှူဖွယ်အဖြစ်ဆက်သသည့်နည်း တူဤမုန့်ကိုဆက်သရမည်။-
21. သင်တို့ဖုတ်သောမုန့်မှဤအထူးလှူဖွယ် ကိုထာဝရဘုရားအား သင်တို့အမျိုး အစဉ်အဆက်ပူဇော်ဆက်သရမည်။
22. အကယ်၍တစ်စုံတစ်ယောက်သည်ဤပညတ် အချို့ကို အမှတ်မထင်ဖောက်ဖျက်မိလျှင် သော်လည်းကောင်း၊-
23. နောင်အခါတွင်တစ်မျိုးသားလုံးသည် မောရှေမှတစ်ဆင့် ထာဝရဘုရားပြဋ္ဌာန်း သောပညတ်ရှိသမျှအတိုင်းမကျင့် လျှင်သော်လည်းကောင်း၊-
24. မသိမှားယွင်းခြင်းဖြစ်ခဲ့သည်ရှိသော် သူတို့သည် နွားထီးတစ်ကောင်ကိုမီးရှို့ရာ ယဇ်အဖြစ်ပူဇော်ရမည်။ ထိုသကာရနံ့ ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ထို ယဇ်ကောင်နှင့်အတူဘောဇဉ်သကာနှင့် စပျစ်ရည်သကာတို့ကိုလည်းတွဲဖက် ဆက်သရမည်။ ထို့အပြင်အပြစ်ဖြေရာ ယဇ်အတွက်ဆိတ်ထီးတစ်ကောင်ကို လည်းပူဇော်ရမည်။-