တော​လည် 14:17-18-20 Common Language Bible (BCL)

2. သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​အား``ငါ​တို့ သည်​အီ​ဂျစ်​ပြည်​၌​ဖြစ်​စေ၊ ဤ​တော​ကန္တာ​ရ ၌​ပင်​ဖြစ်​စေ​သေ​ရ​ခြင်း​က​သာ​၍​ကောင်း ပါ​သေး​သည်။-

3. ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​ကြောင့်​ငါ​တို့ ကို​ထို​ပြည်​သို့​ပို့​ဆောင်​ရ​ပါ​သ​နည်း။ ငါ​တို့ သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​ပါ​လိမ့်​မည်။ ငါ တို့​၏​သား​မ​ယား​တို့​သည်​လည်း​ရန်​သူ​ဖမ်း သွား​ခြင်း​ခံ​ရ​ပါ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​သို့ ပြန်​လျှင်​ကောင်း​မည်'' ဟု​ညည်း​ညူ​ကြ​လေ သည်။-

4. ထို​ကြောင့်​သူ​တို့​က``ငါ​တို့​ကို​အီ​ဂျစ်​ပြည်​သို့ ပြန်​၍ ပို့​ဆောင်​မည့်​ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး ကြ​ပါ​စို့'' ဟူ​၍​အ​ချင်း​ချင်း​ပြော​ဆို​ကြ လေ​သည်။

5. ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် လူ အ​ပေါင်း​တို့​ရှေ့​တွင်​မြေ​ပေါ်​၌​ပျပ်​ဝပ် လျက်​နေ​ကြ​၏။-

6. ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ခဲ့​သူ​များ အ​နက် နှစ်​ဦး​ဖြစ်​ကြ​သော​နုန်​၏​သား​ယော​ရှု နှင့်​ယေ​ဖုန္နာ​၏​သား​ကာ​လက်​တို့​သည် ဝမ်း​နည်း သည့်​အ​နေ​ဖြင့်​မိ​မိ​တို့​၏​အ​ဝတ်​အင်္ကျီ​များ ကို​ဆုတ်​ဖြဲ​လျက်၊-

7. ``ငါ​တို့​စုံ​စမ်း​ထောက်​လှမ်း​ခဲ့​သော​ပြည် သည်​အ​လွန်​နေ​ထိုင်​ဖွယ်​ကောင်း​သော​ပြည် ဖြစ်​သည်။-

8. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​စိတ်​တော်​နှင့် တွေ့​လျှင်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍ မြေ​သြ ဇာ​ထက်​သန်​သော​ထို​ပြည်​သို့​ပို့​ဆောင်​လျက် အ​ပိုင်​စား​ပေး​တော်​မူ​မည်။-

9. ထာ​ဝ​ရ​ဘု​ရား​ကို​မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ခါ​နာန်​ပြည်​သား​တို့​ကို​လည်း​မ​ကြောက်​ရွံ့ ကြ​ပါ​နှင့်။ ငါ​တို့​သည်​သူ​တို့​ကို​လွယ်​ကူ စွာ​တိုက်​ခိုက်​အောင်​မြင်​နိုင်​ပါ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍ သူ​တို့​ကို​ကွယ်​ကာ​စောင့်​ရှောက်​သော​ဘု​ရား များ​ကို​လည်း နှိမ်​နင်း​အောင်​မြင်​တော်​မူ​ပြီး ဖြစ်​၍​မ​ကြောက်​ရွံ့​ကြ​ပါ​နှင့်'' ဟု​လူ​တို့ အား​ပြော​ကြ​၏။-

17-18. သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​ကိုယ်​တော် ၏​တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပါ။ ကိုယ်​တော်​က`ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သည်း​ခံ​သော​သ​ဘော​ရှိ ၏။ မေတ္တာ​က​ရု​ဏာ​နှင့်​ကြွယ်​ဝ​၍​ဒု​စ​ရိုက်​အ​ပြစ် နှင့်​ပုန်​ကန်​ခြင်း​အ​ပြစ်​တို့​ကို​လွှတ်​တော်​မူ​၏။ သို့ သော်​လည်း​မိ​ဘ​တို့​၏​အ​ပြစ်​အ​တွက်​သူ​တို့ ၏​သား​မြေး​မှ​စ​၍​တ​တိ​ယ​မျိုး​ဆက်၊ စတုတ္ထ မျိုး​ဆက်​သို့​တိုင်​အောင်​ပင်​ဒဏ်​ခတ်​တော်​မူ​မည်' ဟု​က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း​ပြု​တော် မူ​ပါ။-

19. အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဤ​သူ တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ချိန်​မှ ယ​နေ့ အ​ထိ​သူ​တို့​ကူး​လွန်​ခဲ့​သော​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​ခဲ့​သည့်​နည်း​တူ ကိုယ်​တော် ၏​ကြီး​မား​သော​မေတ္တာ​က​ရု​ဏာ​တော်​နှင့် အ​ညီ ယ​ခု​လည်း​သူ​တို့​ပြု​မိ​သော​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​ရန်​အ​ကျွန်ုပ် တောင်း​လျှောက်​ပါ​၏'' ဟု​ဆု​တောင်း​လေ သည်။

20. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​တောင်း​ပန် သည့်​အ​တိုင်း ငါ​သည်​သူ​တို့​၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-

တော​လည် 14