1. သို့ရာတွင်သင်သည်မှန်ကန်သည့်အယူဝါဒ နှင့်ကိုက်ညီသည့် အကြောင်းအရာကိုသွန်သင် ရမည်။-
2. အသက်အရွယ်ကြီးရင့်သူအမျိုးသားတို့အား သမ္မာသတိရှိရန်၊ တည်ကြည်ရန်နှင့်ဣန္ဒြေစောင့် စည်းကြရန်လည်းကောင်း၊ စစ်မှန်သောယုံကြည် ခြင်း၊ မေတ္တာ၊ ခံနိုင်ရည်တို့ဖြင့်ပြည့်ဝကြစေရန် လည်းကောင်းသွန်သင်လော့။-
3. ထိုနည်းတူစွာအသက်အရွယ်ကြီးရင့်သူ အမျိုးသမီးတို့သည်လည်း ဘုရားတရား ကြည်ညိုသူများဖြစ်ရန်သွန်သင်လော့။ သူ တို့သည်သူတစ်ပါး၏အသရေကိုဖျက်သူ များ၊ အရက်၏ကျွန်များမဖြစ်စေရ။ အကောင်း ကိုသင်ကြားပေးတတ်သူများဖြစ်ရကြမည်။-
4. သို့မှသာသူတို့သည်မိမိတို့ထက်အသက် ငယ်ရွယ်သူအမျိုးသမီးတို့အား ကိုယ့်ခင်ပွန်း၊ သားသမီးများကိုချစ်ခင်မှု၊-
12-13. ငါတို့သည်မိမိတို့၏ကြီးမြတ်သည့်ဘုရား သခင်တည်းဟူသော ကယ်တင်ရှင်ယေရှုခရစ် ၏ဘုန်းအသရေတော်ထင်ရှားပေါ်ထွန်းမည့် မင်္ဂလာနေ့မြတ်ကိုစောင့်မျှော်ကာ ဘုရားမဲ့ တရားမဲ့ပြုကျင့်ခြင်းနှင့်လောကရမ္မက်ဆန္ဒ တို့ကိုစွန့်ပစ်ကြရန်လည်းကောင်း၊ ဣန္ဒြေစောင့် စည်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းဘုရား ဝတ်၌မွေ့လျော်ခြင်းတို့ဖြင့်ဤလောက၌ အသက်ရှင်ကြစေရန်လည်းကောင်း ထို ကျေးဇူးတော်ကငါတို့အားဆုံးမ သွန်သင်လျက်ရှိ၏။-