တိ​တု 2:1-12-13 Common Language Bible (BCL)

1. သို့​ရာ​တွင်​သင်​သည်​မှန်​ကန်​သည့်​အ​ယူ​ဝါ​ဒ နှင့်​ကိုက်​ညီ​သည့် အ​ကြောင်း​အ​ရာ​ကို​သွန်​သင် ရ​မည်။-

10. သို့​မ​ဟုတ်​ခိုး​ဝှက်​မှု​ကို​မ​ပြု​ရ။ ယင်း​သို့​ပြု မည့်​အ​စား​သူ​တို့​သည်​အ​စဉ်​ရိုး​သား​၍ သ​စ္စာ ရှိ​သူ​များ​ဖြစ်​ကြောင်း​ပေါ်​လွင်​စေ​ရ​မည်။ ဤ နည်း​အား​ဖြင့်​သူ​တို့​သည်​မိ​မိ​တို့​ပြု​သ​မျှ သော​အ​မှု​တို့​တွင် ငါ​တို့​ကယ်​တင်​ရှင်​ဘု​ရား သ​ခင်​၏​တ​ရား​တော်​အ​ရောင်​အ​ဝါ​ကို​ပို​မို​၍ ထွန်း​တောက်​စေ​ကြ​လိမ့်​မည်။

11. ဘု​ရား​သ​ခင်​သည်​လူ​သား​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​အ​တွက် မိ​မိ​၏​ကျေး​ဇူး​တော်​ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​ပြီ။-

12-13. ငါ​တို့​သည်​မိ​မိ​တို့​၏​ကြီး​မြတ်​သည့်​ဘု​ရား သ​ခင်​တည်း​ဟူ​သော ကယ်​တင်​ရှင်​ယေ​ရှု​ခ​ရစ် ၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား​ပေါ်​ထွန်း​မည့် မင်္ဂလာ​နေ့​မြတ်​ကို​စောင့်​မျှော်​ကာ ဘု​ရား​မဲ့ တ​ရား​မဲ့​ပြု​ကျင့်​ခြင်း​နှင့်​လော​က​ရမ္မက်​ဆန္ဒ တို့​ကို​စွန့်​ပစ်​ကြ​ရန်​လည်း​ကောင်း၊ ဣန္ဒြေ​စောင့် စည်း​ခြင်း၊ ရိုး​သား​ဖြောင့်​မတ်​ခြင်း​ဘု​ရား ဝတ်​၌​မွေ့​လျော်​ခြင်း​တို့​ဖြင့်​ဤ​လော​က​၌ အ​သက်​ရှင်​ကြ​စေ​ရန်​လည်း​ကောင်း ထို ကျေး​ဇူး​တော်​က​ငါ​တို့​အား​ဆုံး​မ သွန်​သင်​လျက်​ရှိ​၏။-

တိ​တု 2