46. ဒါဝိဒ်မင်းသည်ဘုရားသခင်၏ရှေ့တော် တွင်မျက်နှာပွင့်လန်းသူဖြစ်၏။ သို့ဖြစ်၍ ယာကုပ်၏ဘုရားကျိန်းဝပ်တော်မူရာ ဗိမာန်တော်ကိုတည်ဆောက်ခွင့်ပြုရန် ဘုရားသခင်အားပန်ကြားလေသည်။-
47. သို့သော်ဘုရားသခင်၏ဗိမာန်တော်ကို တည်ဆောက်ခွင့်ရသူကား ရှောလမုန်မင်း ကြီးဖြစ်သတည်း။''
48. ``သို့ရာတွင်အမြင့်မြတ်ဆုံးသောဘုရား သည် လူတည်ဆောက်သောအိမ်များတွင်ကျိန်း ဝပ်တော်မမူ။ ဟုပရောဖက်ကပြော၏။-
49. `ကောင်းကင်ဘုံသည်ငါ၏ပလ္လင်ဖြစ်၏။ကမ္ဘာမြေကြီးသည်ငါ၏ခြေတင်ခုံဖြစ်၏။သင်သည်အဘယ်သို့သောဗိမာန်တော်ကို ငါ့အတွက်တည်ဆောက်မည်နည်း။ငါကျိန်းဝပ်ရန်အရပ်ကားအဘယ်မှာနည်း။