တမန်တော်ဝတ္ထု 7:45-47 Common Language Bible (BCL)

45. ငါ​တို့​အ​ဘ​များ​သည်​မိ​မိ​တို့​ဖ​ခင်​များ ထံ​မှ ထို​တဲ​တော်​ကို​ဆက်​ခံ​ကာ ဘု​ရား​သ​ခင် နှင်​ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​ပြည်​ကို ယော​ရှု​နှင့်​အ​တူ​ချီ​တက်​သိမ်း​ပိုက်​ကြ​သော အ​ခါ ထို​တဲ​တော်​ကို​သယ်​ဆောင်​သွား​ကြ​၏။ ထို​တဲ​တော်​ကား​ဒါ​ဝိဒ်​မင်း​လက်​ထက်​တိုင် အောင်​ရှိ​သ​တည်း။-

46. ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​မျက်​နှာ​ပွင့်​လန်း​သူ​ဖြစ်​၏။ သို့​ဖြစ်​၍ ယာ​ကုပ်​၏​ဘု​ရား​ကျိန်း​ဝပ်​တော်​မူ​ရာ ဗိ​မာန်​တော်​ကို​တည်​ဆောက်​ခွင့်​ပြု​ရန် ဘု​ရား​သ​ခင်​အား​ပန်​ကြား​လေ​သည်။-

47. သို့​သော်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို တည်​ဆောက်​ခွင့်​ရ​သူ​ကား ရှော​လ​မုန်​မင်း ကြီး​ဖြစ်​သ​တည်း။''

တမန်တော်ဝတ္ထု 7