တမန်တော်ဝတ္ထု 5:5-8 Common Language Bible (BCL)

5. ထို​စ​ကား​ကို​ကြား​သည်​နှင့်​တစ်​ပြိုင်​နက် အာ​န​နိ​သည်​လဲ​ကျ​သေ​ဆုံး​လေ​သည်။ ဤ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ကြား​ကြ​သူ အ​ပေါင်း​သည် လွန်​စွာ​ကြောက်​လန့်​ကြ​၏။-

6. လူ​ငယ်​လူ​ရွယ်​များ​သည်​လာ​၍ အာ​န​နိ​၏ ရုပ်​အ​လောင်း​ကို​အ​ဝတ်​နှင့်​ပတ်​ပြီး​နောက် အ​ပြင်​သို့​ထုတ်​ယူ​သင်္ဂြိုဟ်​ကြ​၏။

7. သုံး​နာ​ရီ​ခန့်​ကြာ​သော​အ​ခါ အာ​န​နိ​၏ ဇ​နီး​ရောက်​လာ​၏။ သို့​ရာ​တွင်​သူ​သည်​ဖြစ် ပျက်​ခဲ့​သည့်​အ​ချင်း​အ​ရာ​ကို​မ​သိ။-

8. ပေ​တ​ရု​က``သင်​တို့​သည်​လယ်​ကို​အ​ဖိုး ဤ​မျှ​ဖြင့်​ရောင်း​ပါ​သ​လော'' ဟု​မေး​၏။ထို​အ​မျိုး​သ​မီး​က ``မှန်​ပါ​၏။ ဤ​မျှ​ဖြင့် ပင်​ရောင်း​ပါ​သည်'' ဟု​ဆို​၏။-

တမန်တော်ဝတ္ထု 5