တမန်တော်ဝတ္ထု 5:23-27 Common Language Bible (BCL)

23. ``အ​ကျဉ်း​ထောင်​တံ​ခါး​သည်​သေ​ချာ​စွာ​ပိတ် လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ထောင်​စောင့်​တို့ သည်​လည်း​တံ​ခါး​ပြင်​တွင်​ရပ်​လျက်​ရှိ​သည် ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​တွေ့​ပါ​၏။ သို့​ရာ တွင်​တံ​ခါး​ကို​ဖွင့်​လိုက်​သော​အ​ခါ အ​တွင်း တွင်​မည်​သူ့​ကို​မျှ​မ​တွေ့​ရ​ပါ'' ဟု​လျှောက် ထား​ကြ​၏။-

24. ထို​စ​ကား​ကို​ကြား​လျှင်​ဗိ​မာန်​တော်​အ​စောင့် တပ်​မှူး​နှင့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​သည် ``ဤ အ​မှု​ကား​အ​ဘယ်​သို့​ဖြစ်​ပါ​လိမ့်​မည်​နည်း'' ဟု​တွေး​တော​ကြ​၏။-

25. ထို​အ​ခါ​လူ​တစ်​ယောက်​ရောက်​ရှိ​လာ​၍ ``အ​ရှင် တို့​အ​ကျဉ်း​ချ​ထား​ခဲ့​သော​သူ​များ​သည် ဗိ​မာန် တော်​ထဲ​တွင်​ရပ်​လျက်​လူ​တို့​အား​ဟော​ပြော သွန်​သင်​နေ​ပါ​သည်'' ဟု​လျှောက်​၏။-

26. ထို​အ​ခါ​ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​သည် မိ​မိ​၏​တပ်​သား​များ​နှင့်​သွား​ရောက်​၍ တ​မန် တော်​တို့​ကို​ခေါ်​ဆောင်​ခဲ့​၏။ သို့​ရာ​တွင်​မိ​မိ တို့​အား​လူ​ထု​က​ခဲ​နှင့်​ပေါက်​မည်​ကို​စိုး​ရိမ် သ​ဖြင့် တ​မန်​တော်​တို့​အား​အ​ကြမ်း​ဖက်​မှု ကို​မ​ပြု​ကြ။

27. ဤ​သို့​တ​မန်​တော်​တို့​ကို​ခေါ်​ဆောင်​လာ​ပြီး လျှင် တ​ရား​လွှတ်​တော်​အ​ဖွဲ့​၏​ရှေ့​တွင်​ရပ်​စေ ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​တ​မန်​တော်​တို့ ကို​စစ်​ဆေး​မေး​မြန်း​၏။-

တမန်တော်ဝတ္ထု 5