တမန်တော်ဝတ္ထု 5:16-19 Common Language Bible (BCL)

16. ထို့​ပြင်​ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း​ကျင်​မြို့​ရွာ များ​မှ လူ​ပ​ရိ​သတ်​တို့​သည်​ဖျား​နာ​သူ​များ၊ နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​များ​ကို​ခေါ်​ဆောင်​လာ ကြ​၏။ ထို​သူ​နာ​အ​ပေါင်း​သည်​ရော​ဂါ​ပျောက် ကင်း​သွား​ကြ​၏။

17. ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​သူ​၏​နောက် လိုက်​များ​ဖြစ်​သော ဒေ​သ​ဆိုင်​ရာ​ဇဒ္ဒု​ကဲ​ဂိုဏ်း ဝင်​များ​သည် တ​မန်​တော်​တို့​ကို​လွန်​စွာ​မ​နာ လို​ဝန်​တို​စိတ်​ရှိ​လာ​ကြ​သ​ဖြင့် သူ​တို့​ကို အ​ရေး​ယူ​ရန်​ဆုံး​ဖြတ်​ကြ​၏။-

18. သူ​တို့​သည်​တ​မန်​တော်​တို့​ကို​ဖမ်း​ဆီး​ပြီး လျှင် ထောင်​တွင်​အ​ကျဉ်း​ချ​ထား​ကြ​၏။-

19. သို့​သော်​ည​အ​ခါ​၌​သ​ခင်​ဘု​ရား​၏ ကောင်း​ကင်​တ​မန်​သည် ထောင်​တံ​ခါး​များ ကို​ဖွင့်​၍ တ​မန်​တော်​တို့​ကို​အ​ပြင်​သို့ ခေါ်​ထုတ်​ပြီး​လျှင်၊-

တမန်တော်ဝတ္ထု 5