တမန်တော်ဝတ္ထု 4:12-18 Common Language Bible (BCL)

12. ထို​အ​ရှင်​တစ်​ပါး​တည်း​သာ​လျှင်​ကယ်​တင် နိုင်​၏။ ကမ္ဘာ​ပေါ်​တွင်​ထို​အ​ရှင်​မှ​တစ်​ပါး ငါ တို့​ကို​ကယ်​တင်​နိုင်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ'' ဟု​သူ​တို့​အား​ပြန်​လည်​ဖြေ​ကြား​လေ​၏။

13. ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​ပ​ညာ​မ​တတ် သူ၊ လူ​သာ​မန်​များ​သာ​ဖြစ်​လျက်​နှင့်​မည်​မျှ ရဲ​ရင့်​ကြ​သည်​ကို တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် တို့​တွေ့​မြင်​ကြ​သော​အ​ခါ​များ​စွာ​အံ့​သြ ကြ​၏။ ထို​သူ​နှစ်​ဦး​တို့​သည် သ​ခင်​ယေ​ရှု​၏ အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ခဲ့​သည်​ကို​လည်း သ​တိ​ပြု​မိ​ကြ​၏။-

14. သို့​ရာ​တွင်​အ​နာ​ရော​ဂါ​ပျောက်​ကင်း​သွား​သူ သည် တ​မန်​တော်​တို့​နှင့်​ရပ်​လျက်​နေ​သည်​ကို မြင်​သ​ဖြင့် သူ​တို့​သည်​မည်​သို့​မျှ​ငြင်း​ဆို ရန်​မ​တတ်​နိုင်​ကြ။-

15. သို့​ဖြစ်​၍​တ​မန်​တော်​တို့​ကို​တ​ရား​လွှတ် တော်​ထဲ​မှ​ခေတ္တ​ထွက်​ခွာ​သွား​စေ​ပြီး​လျှင် ဤ​သို့​တိုင်​ပင်​ကြ​၏။-

16. ``ဤ​သူ​တို့​အား​အ​သို့​ပြု​အံ့​နည်း။ သူ​တို့​အား ဖြင့်​ထူး​ခြား​သော​နိ​မိတ်​လက္ခ​ဏာ​တစ်​ရပ်​ဖြစ် ပေါ်​ခဲ့​သည်​ကို ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​ကောင်း​စွာ​သိ​ကြ​၏။ ငါ​တို့​ငြင်း ဆို​၍​လည်း​မ​ရ​နိုင်။-

17. သို့​သော်​လူ​တို့​အ​ထဲ​တွင်​ဤ​သ​တင်း​ပို​၍ ပျံ့​မ​သွား​စေ​ရန် ထို​သူ​နှစ်​ဦး​အား​ယေ​ရှု​၏ နာ​မ​ကို​အ​မှီ​ပြု​၍ နောက်​တစ်​ဖန်​မည်​သူ​ကို မျှ​မ​ဟော​မ​ပြော​ရန်​ကျပ်​တည်း​စွာ​သ​တိ ပေး​ကြ​ကုန်​အံ့။''

18. ထို​နောက်​တ​မန်​တော်​တို့​ကို​ပြန်​လည်​ခေါ်​ယူ ကာ သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ နောက်​တစ်​ဖန်​ဟော​ပြော​သွန်​သင်​ခြင်း​လုံး​ဝ မ​ပြု​ရန်​အ​မိန့်​ပေး​ကြ​၏။-

တမန်တော်ဝတ္ထု 4