11. `တိုက်ကိုတည်ဆောက်ရာတွင် သင်တို့ပယ်ထားသည့်ကျောက်သည်အရေးကြီးဆုံးဖြစ်သည့်ထောင့်ချုပ်ကျောက် ဖြစ်လာရ၏'ဟုကျမ်းစာကရည်ညွန်းသူမှာထိုအရှင် ဖြစ်သည်။-
12. ထိုအရှင်တစ်ပါးတည်းသာလျှင်ကယ်တင် နိုင်၏။ ကမ္ဘာပေါ်တွင်ထိုအရှင်မှတစ်ပါး ငါ တို့ကိုကယ်တင်နိုင်သူတစ်စုံတစ်ယောက်မျှ မရှိ'' ဟုသူတို့အားပြန်လည်ဖြေကြားလေ၏။
13. ပေတရုနှင့်ယောဟန်တို့သည်ပညာမတတ် သူ၊ လူသာမန်များသာဖြစ်လျက်နှင့်မည်မျှ ရဲရင့်ကြသည်ကို တရားလွှတ်တော်အဖွဲ့ဝင် တို့တွေ့မြင်ကြသောအခါများစွာအံ့သြ ကြ၏။ ထိုသူနှစ်ဦးတို့သည် သခင်ယေရှု၏ အပေါင်းအဖော်များဖြစ်ခဲ့သည်ကိုလည်း သတိပြုမိကြ၏။-
14. သို့ရာတွင်အနာရောဂါပျောက်ကင်းသွားသူ သည် တမန်တော်တို့နှင့်ရပ်လျက်နေသည်ကို မြင်သဖြင့် သူတို့သည်မည်သို့မျှငြင်းဆို ရန်မတတ်နိုင်ကြ။-
15. သို့ဖြစ်၍တမန်တော်တို့ကိုတရားလွှတ် တော်ထဲမှခေတ္တထွက်ခွာသွားစေပြီးလျှင် ဤသို့တိုင်ပင်ကြ၏။-
16. ``ဤသူတို့အားအသို့ပြုအံ့နည်း။ သူတို့အား ဖြင့်ထူးခြားသောနိမိတ်လက္ခဏာတစ်ရပ်ဖြစ် ပေါ်ခဲ့သည်ကို ယေရုရှလင်မြို့သူမြို့သား အပေါင်းတို့ကောင်းစွာသိကြ၏။ ငါတို့ငြင်း ဆို၍လည်းမရနိုင်။-
17. သို့သော်လူတို့အထဲတွင်ဤသတင်းပို၍ ပျံ့မသွားစေရန် ထိုသူနှစ်ဦးအားယေရှု၏ နာမကိုအမှီပြု၍ နောက်တစ်ဖန်မည်သူကို မျှမဟောမပြောရန်ကျပ်တည်းစွာသတိ ပေးကြကုန်အံ့။''
18. ထိုနောက်တမန်တော်တို့ကိုပြန်လည်ခေါ်ယူ ကာ သခင်ယေရှု၏နာမတော်ကိုအမှီပြု၍ နောက်တစ်ဖန်ဟောပြောသွန်သင်ခြင်းလုံးဝ မပြုရန်အမိန့်ပေးကြ၏။-
19. သို့ရာတွင်ပေတရုနှင့်ယောဟန်တို့က``ငါ တို့သည်ဘုရားသခင်၏စကားကိုနား ထောင်ရမည်လော။ သို့မဟုတ်သင်တို့၏စကား ကိုနားထောင်ရမည်လော။ ဘုရားသခင်၏ ရှေ့တော်တွင်အဘယ်သူ၏စကားကိုနား ထောင်သင့်ကြောင်း သင်တို့ကိုယ်တိုင်ပင်အဆုံး အဖြတ်ပေးကြလော့။-
20. ငါတို့မူကားမိမိတို့ကြားရမြင်ရသည့် အမှုအရာများအကြောင်းကိုမဟောမ ပြောဘဲမနေနိုင်ပါ'' ဟုပြန်ပြောကြ၏။-
21. ထိုအခါတရားလွှတ်တော်အဖွဲ့ဝင်တို့သည် သူတို့ကိုထပ်မံကျပ်တည်းစွာသတိပေးပြီး နောက်ထွက်ခွာသွားစေကြ၏။ လူအပေါင်း တို့သည်ဖြစ်ပျက်ခဲ့သည့်အမှုအရာကြောင့် ဘုရားသခင်၏ဘုန်းအသရေတော်ကို ချီးကူးလျက်နေကြသဖြင့် တရားလွှတ် တော်အဖွဲ့ဝင်တို့သည်တမန်တော်တို့ကို မည်သို့မျှအပြစ်ဒဏ်မစီရင်နိုင်ကြ။-
22. အံ့သြဖွယ်ကောင်းအောင်ရောဂါပျောက်ကင်း သွားသူကား အသက်လေးဆယ်ကျော်ရှိ သတည်း။