7. ထိုနောက်သူ၏လက်ယာဘက်ကိုဆွဲကိုင်ထူမ လိုက်၏။ ထိုခဏ၌သူ၏ခြေနှင့်ခြေဖဝါး များသည်သန်မာလာသဖြင့်၊-
8. သူသည်ခုန်ပေါက်ကာဘုရားသခင်၏ဂုဏ် တော်ကိုချီးကူးလျက်ဗိမာန်တော်ထဲသို့ လိုက်သွား၏။-
9. ထိုသူဤသို့ဘုရားသခင်၏ဂုဏ်တော် ကိုချီးကူးလျက် လှမ်းသွားသည်ကိုလူ အပေါင်းတို့တွေ့မြင်ကြ၏။-
10. ထိုသူသည်ဗိမာန်တော်တင့်တယ်တံခါးဝ တွင် ထိုင်နေလေ့ရှိသည့်သူတောင်းစားဖြစ် ကြောင်းကိုမှတ်မိကြသဖြင့် သူတို့သည် ထိုသူ၌ဖြစ်ပျက်သည့်အမှုအရာကို များစွာအံ့သြမိန်းမောကြ၏။
11. ထိုသူသည်ပေတရုနှင့်ယောဟန်တို့ကိုတွယ် ကပ်လျက်နေစဉ် လူအပေါင်းတို့သည်များစွာ အံ့သြလျက် ပေတရုတို့ရှိရာရှောလမုန်ဟု နာမည်တွင်သောမုခ်ဆောင်သို့ပြေး၍လာ ကြ၏။-