23. ထိုသူတို့သည်ရက်ချိန်းပေးကြ၏။ ချိန်းသည့်နေ့ ၌ ပေါလုတည်းခိုရာသို့လူအမြောက်အမြား လာရောက်ကြ၏။ ပေါလုသည်နံနက်မှညနေ ချမ်းတိုင်အောင် ဘုရားသခင်၏နိုင်ငံတော်ဆိုင် ရာတရားတော်အကြောင်းကိုရှင်းလင်းဖော် ပြ၏။ သခင်ယေရှု၏အကြောင်းတော်ကိုလည်း မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များမှကောက်နုတ်ကာ ထိုသူတို့နားလည် သဘောပေါက်လာစေရန်ကြိုးစား၍ဟော ပြော၏။
24. လူအချို့တို့သည်ပေါလု၏ဟောပြောချက် ကိုနားလည်သဘောပေါက်လာကြသော် လည်း အချို့သူတို့မူကားမယုံကြည်ကြ။-
25. ဤသို့ပေါလုဆိုသောအခါယုဒအမျိုးသား တို့သည် အချင်းချင်းပြင်းထန်စွာငြင်းခုံလျက် ထွက်သွားကြ၏။ ပေါလုက ``ပရောဖက်ဟေရှာယ အားဖြင့် သင်တို့ဘိုးဘေးတို့အားသန့်ရှင်းသော ဝိညာဉ်တော်ဖော်ပြပုံမှာလျောက်ပတ်လှပေ၏။ ဖော်ပြပုံမှာဤသို့တည်း။
26. `ဤလူမျိုးထံသို့သွား၍ပြောကြားလော့။သင်တို့သည်ကြိုးစား၍နားထောင်သော်လည်း နားလည်လိမ့်မည်မဟုတ်။ကြိုးစား၍ကြည့်သော်လည်းမြင်လိမ့်မည်မဟုတ်။