တမန်တော်ဝတ္ထု 22:12-16 Common Language Bible (BCL)

12. အာ​န​နိ​ဆို​သူ​သည်​အ​ကျွန်ုပ်​၏​ထံ​သို့​လာ ပါ​၏။ သူ​သည်​ပ​ညတ်​တ​ရား​ကို​လိုက်​လျှောက် ကျင့်​သုံး​၍ ဘု​ရား​ဝတ်​၌​မွေ့​လျော်​သူ​ဖြစ်​၏။ ဒ​မာ​သက်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း တို့​၏​ရို​သေ​လေး​စား​ခြင်း​ကို​လည်း​ခံ​ရ​၏။-

13. သူ​သည်​အ​ကျွန်ုပ်​၏​အ​နီး​တွင်​ရပ်​လျက် `ညီ​ရှော​လု၊ သင်​သည်​မျက်​စိ​ပြန်​၍​မြင်​စေ​သ​တည်း​ဟု​ဆို​၏။ ထို​ခ​ဏ​၌​ပင်​လျှင်​အ​ကျွန်ုပ်​သည်​မျက်​စိ​ပြန်​၍ မြင်​သ​ဖြင့်​သူ့​ကို​ကြည့်​လိုက်​ရာ၊-

14. အာ​န​နိ​က `သင်​သည်​ငါ​တို့​ဘိုး​ဘေး​များ ကိုး​ကွယ်​သည့်​ဘု​ရား​သ​ခင်​၏​အ​လို​တော် ကို​သိ​ရ​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏ ဖြောင့်​မတ်​သော​အ​စေ​ခံ​အား​ဖူး​မြင်​ရ​စေ ရန်​လည်း​ကောင်း၊ ထို​အ​ရှင်​၏​နှုတ်​တော်​မှ အ​သံ​တော်​ကို​ကြား​ရ​စေ​ရန်​လည်း​ကောင်း ကိုယ်​တော်​သည်​သင့်​အား​ရွေး​ချယ်​တော်​မူ လေ​ပြီ။-

15. သင်​သည်​မိ​မိ​မြင်​ရ​ကြား​ရ​သည့်​အ​ရာ များ​ကို လူ​အ​ပေါင်း​တို့​အား​ပြော​ကြား​ရန် ထို​အ​ရှင်​၏​သက်​သေ​ခံ​ဖြစ်​ရ​လိမ့်​မည်။-

16. သို့​ဖြစ်​၍​ယ​ခု​သင်​သည်​အ​ဘယ်​ကြောင့်​ဆိုင်း​ငံ့ နေ​ပါ​သ​နည်း။ ထ​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​လော့။ သင်​၏​အ​ပြစ်​များ​ဖြေ​လွှတ်​စိမ့်​သော​ငှာ​ကိုယ် တော်​အား​ပတ္ထ​နာ​ပြု​လော့' ဟု​ဆို​လေ​သည်။

တမန်တော်ဝတ္ထု 22