တမန်တော်ဝတ္ထု 20:1-3 Common Language Bible (BCL)

1. ဆူ​ပူ​လှုပ်​ရှား​မှု​ရပ်​စဲ​သွား​သော​အ​ခါ ပေါ​လု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​၍​အား ပေး​စ​ကား​ပြော​ကြား​၏။ ထို​နောက်​သူ​တို့ ကို​နှုတ်​ဆက်​ပြီး​လျှင်​မာ​ကေ​ဒေါ​နိ​ပြည် သို့​ထွက်​ခွာ​သွား​လေ​သည်။-

2. သူ​သည်​ထို​ဒေ​သ​များ​ကို​လှည့်​လည်​ကာ တ​ပည့်​တော်​တို့​အား အား​ပေး​စ​ကား​များ ပြော​ကြား​ပြီး​နောက်​အ​ခါ​ယ​ပြည်​သို့ သွား​၏။-

3. သူ​သည်​ထို​ပြည်​တွင်​သုံး​လ​မျှ​နေ​၏။ ထို နောက်​ရှု​ရိ​ပြည်​သို့​သင်္ဘော​လွှင့်​မည်​အ​ပြု တွင်​သူ​၏​အ​သက်​ကို​ရန်​ရှာ​ရန် ယု​ဒ​အ​မျိုး သား​တို့​လျှို့​ဝှက်​ကြံ​စည်​နေ​ကြ​ကြောင်း​ကို ကြား​သိ​ရ​၏။ သို့​ဖြစ်​၍​သူ​သည်​မာ​ကေ ဒေါ​နိ​ပြည်​ကို​ဖြတ်​၍​ပြန်​ရန်​စိတ်​ပိုင်း​ဖြတ် လိုက်​လေ​သည်။-

တမန်တော်ဝတ္ထု 20