တမန်တော်ဝတ္ထု 18:7-17 Common Language Bible (BCL)

7. ထို​နောက်​ထို​သူ​တို့​ထံ​မှ​ထွက်​ခွာ​၍ ဘု​ရား သ​ခင်​ကို​ကိုး​ကွယ်​သူ​တိ​တု​ယုတ္တု​နာ​မည် ရှိ​သော ယု​ဒ​အ​မျိုး​သား​မ​ဟုတ်​သူ​၏​အိမ် သို့​သွား​ရောက်​တည်း​ခို​လေ​သည်။ ထို​အိမ်​သည် တ​ရား​ဇ​ရပ်​နှင့်​ကပ်​လျက်​ရှိ​၏။-

8. တ​ရား​ဇ​ရပ်​အုပ်​ချုပ်​မှူး​ကရိပ္ပု​နှင့်​အိမ်​သူ အိမ်​သား​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား​ကို ယုံ​ကြည်​သူ​များ​ဖြစ်​လာ​ကြ​၏။ အ​ခြား ကော​ရိန္သု​မြို့​သား​အ​မြောက်​အ​မြား​သည် လည်း နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား​ရ​၍ ယုံ​ကြည်​ကာ​ဗတ္တိ​ဇံ​မင်္ဂလာ​ကို​ခံ​ယူ​ကြ​၏။

9. တစ်​ည​သ​၌​ပေါ​လု​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​၏။ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​သ​ခင်​ဘု​ရား​က ``ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​သည်​ဖြစ်​၍​မ ကြောက်​နှင့်။ ဆက်​လက်​ဟော​ပြော​လော့။ လက် မ​လျှော့​နှင့်။-

10. အ​ဘယ်​သူ​မျှ​သင့်​ကို​ဘေး​အန္တ​ရာယ်​မ​ပြု​နိုင်။ ဤ​မြို့​ရှိ​လူ​အ​မြောက်​အ​မြား​တို့​သည် ငါ့ လူ​စု​တော်​ဝင်​များ​ဖြစ်​ကြ​၏'' ဟု​မိန့်​တော် မူ​၏။-

11. သို့​ဖြစ်​၍​ပေါ​လု​သည်​ထို​မြို့​တွင်​တစ်​နှစ်​နှင့် ခြောက်​လ​မျှ​နေ​ထိုင်​ကာ ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​သွန် သင်​လျက်​နေ​၏။

12. ဂါ​လျုန်​သည်​အ​ခါ​ယ​ပြည်​ဘု​ရင်​ခံ​ဖြစ်​စဉ် အ​ခါ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စု​ရုံး​လျက် ပေါ​လု​ကို​ဖမ်း​ဆီး​ပြီး​လျှင် တ​ရား​ခွင်​ရှေ့​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။-

13. သူ​တို့​က ``ဤ​သူ​သည်​ပ​ညတ်​တ​ရား​တော် နှင့်​ဆန့်​ကျင်​၍ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ် ကြ​စေ​ရန်​လူ​တို့​အား​သွေး​ဆောင်​လျက် နေ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။-

14. ပေါ​လု​သည်​ချေ​ပ​ပြော​ဆို​မည်​အ​ပြု​တွင် ဂါ​လျုန်​က ``ယု​ဒ​အ​မျိုး​သား​တို့၊ ဤ​အ​မှု သည်​ဆိုး​ယုတ်​သော​ပြစ်​မှု​သို့​မ​ဟုတ်​လိမ်​လည် မှု​ဖြစ်​ပါ​မူ ငါ​သည်​သင်​တို့​၏​စွပ်​စွဲ​ချက်​ကို စိတ်​ရှည်​လက်​ရှည်​နား​ထောင်​နိုင်​ပေ​မည်။-

15. သို့​ရာ​တွင်​ဤ​အ​မှု​၏​စ​ကား​များ၊ နာ​မည် များ​သည်​သင်​တို့​၏​ပ​ညတ်​တ​ရား​နှင့်​သက် ဆိုင်​သည့်​အ​မှု​ဖြစ်​သ​ဖြင့် သင်​တို့​ကိုယ်​တိုင် ပင်​စီ​ရင်​ဆုံး​ဖြတ်​ကြ​လော့။ ထို​အ​မှု​မျိုး ကို​ငါ​မ​စီ​ရင်​ပြီ'' ဟု​ဆို​၍၊-

16. ယု​ဒ​အ​မျိုး​သား​တို့​အား​တ​ရား​ခွင်​မှ နှင်​ထုတ်​လိုက်​၏။-

17. ထို​သူ​တို့​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး သု​ဿင်​ကို​ဖမ်း​ဆီး​၍​တ​ရား​ခွင်​ရှေ့​တွင်​ရိုက် နှက်​ကြ​၏။ သို့​ရာ​တွင်​ဂါ​လျုန်​သည်​ထို​အ​ပြု အ​မူ​ကို​လုံး​ဝ​ဂ​ရု​မ​စိုက်​ဘဲ​နေ​၏။

တမန်တော်ဝတ္ထု 18