တမန်တော်ဝတ္ထု 1:13-17 Common Language Bible (BCL)

13. သူ​တို့​သည်​မြို့​ထဲ​သို့​ဝင်​၍ မိ​မိ​တို့​တည်း​ခို​ရာ အိမ်​အ​ထက်​ခန်း​သို့​သွား​ကြ​၏။ ထို​သူ​တို့​ကား ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်၊ အန္ဒြေ၊ ဖိ​လိပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မ​ဿဲ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်​နှင့်​ယာ​ကုပ်​၏ သား​ယု​ဒ​တို့​ဖြစ်​၏။-

14. သူ​တို့​သည်​သ​ခင်​ယေ​ရှု​နှင့်​မယ်​တော်​ဖြစ်​သူ မာ​ရိ​အ​ပါ​အ​ဝင်​အ​မျိုး​သ​မီး​အ​ချို့​တို့ နှင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ညီ​တော်​များ​နှင့် လည်း​ကောင်း မ​ကြာ​ခ​ဏ​တွေ့​ဆုံ​၍​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။

15. ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​တစ်​ရာ့​နှစ်​ဆယ် ခန့်​သော​တ​ပည့်​တော်​ညီ​အစ်​ကို​တို့​သည်​စု​ဝေး လျက်​ရှိ​ကြ​၏။ ထို​အ​ချိန်​၌​ပေ​တ​ရု​သည်​ထ​၍၊-

16. ``ညီ​အစ်​ကို​တို့၊ သ​ခင်​ယေ​ရှု​ကို​ဖမ်း​ဆီး​သူ​တို့ ၏​လမ်း​ပြ​ဖြစ်​သူ ယု​ဒ​ရှ​ကာ​ရုတ်​ကို​ရည်​မှတ်​၍ ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း​ဖြစ် ပျက်​ရ​မည်​သာ​တည်း။ ဤ​ကျမ်း​ချက်​ကို​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​သည်​ဒါ​ဝိဒ်​မင်း​နှုတ်​အား​ဖြင့် ဟော​ကြား​ခဲ့​၏။-

17. ယု​ဒ​သည်​အ​မှု​တော်​ဆောင်​တစ်​ဦး​အ​ဖြစ် ရွေး​ချယ်​ခြင်း​ခံ​ရ​သူ​ဖြစ်​၍ ငါ​တို့​လူ​စု​တွင် အ​ပါ​အ​ဝင်​ဖြစ်​ခဲ့​၏။''

တမန်တော်ဝတ္ထု 1