ဇေဖနိ 2:8-13 Common Language Bible (BCL)

8. အ​န​န္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က ``မော​ဘ​ပြည်​သား​များ​နှင့်​အမ္မုန်​ပြည် သား​များ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​စော် ကား​ရန်​စ​ကြ​သည်​ကို​လည်း​ကောင်း၊ သူ တို့​၏​ပြည်​ကို​ဝင်​ရောက်​သိမ်း​ယူ​ရန်​ကြွား ဝါ​လျက်​နေ​သည်​ကို​လည်း​ကောင်း​ငါ ကြား​သိ​တော်​မူ​လေ​ပြီ။-

9. ငါ​သည်​ဧ​ကန်​အ​မှန်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​သည်​အ​တိုင်း မော​ဘ​ပြည်​နှင့် အမ္မုန်​ပြည်​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့ တို့​ကဲ့​သို့​သုတ်​သင်​ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့် မည်​ဖြစ်​ကြောင်း​ကျိန်​ဆို​ဖော်​ပြ​ပါ​၏။ ထို ပြည်​တို့​သည်​ဆား​မြေ​တူး​ရာ​အ​ရပ်​ဖြစ် လျက် ထာ​ဝ​ရ​ယို​ယွင်း​ပျက်​စီး​ကာ​ပေါင်း ပင်​များ​နှင့်​ဖုံး​လွှမ်း​၍​နေ​လိမ့်​မည်။ ငါ​၏ လူ​မျိုး​တော်​အ​နက်​မှ​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​နေ​သူ​တို့​သည် ထို​သူ​တို့​ကို​တိုက် ခိုက်​လု​ယက်​ကာ​သူ​တို့​၏​ပြည်​ကို​သိမ်း ယူ​ကြ​လိမ့်​မည်။

10. ဤ​သို့​လျှင်​မော​ဘ​ပြည်​သား​များ​နှင့်​အမ္မုန် ပြည်​သား​များ​သည်​မိ​မိ​တို့​၏​မာ​န​ကြီး မှု၊ မောက်​မာ​ထောင်​လွှား​မှု​နှင့်​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​တို့​ကို​စော်​ကား မှု​တို့​ကြောင့်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​လိမ့်​မည်။-

11. ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ထိတ်​လန့် တုန်​လှုပ်​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် လော​ကီ​ဘု​ရား​များ​ကို​ဆိတ်​သုဉ်း​စေ​တော် မူ​မည်​ဖြစ်​၍​လူ​မျိုး​တ​ကာ​တို့​သည် မိ​မိ တို့​ပြည်​အ​သီး​သီး​တွင်​ကိုယ်​တော်​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​လိမ့်​မည်။

12. ထာ​ဝ​ရ​ဘု​ရား​သည်​ဆူ​ဒန်​ပြည်​သား​တို့ ကို​လည်း​ကွပ်​မျက်​တော်​မူ​လိမ့်​မည်။

13. ထာ​ဝ​ရ​ဘု​ရား​သည်​လက်​တော်​ကို​ဆန့်​၍ တန်​ခိုး​တော်​ဖြင့်​အာ​ရှု​ရိ​ပြည်​ကို​သုတ် သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် သည်​နိ​နေ​ဝေ​မြို့​ကို​ရေ​မ​ရှိ​သည့်​ကန္တာ​ရ သ​ဖွယ် လူ​သူ​ဆိတ်​ငြိမ်​ရာ​မြို့​ပျက်​ဖြစ်​စေ တော်​မူ​မည်။-

ဇေဖနိ 2