11. မြို့အနိမ့်ပိုင်းတွင်နေထိုင်သူတို့ငိုကြွေး ကြလော့။ ကုန်သည်ကြီးများသည်သေဆုံး ကြတော့မည်။
12. ``ထိုအချိန်၌ငါသည်မီးခွက်ကိုယူ၍ ယေရုရှလင်မြို့တွင်ရှာဖွေမည်။ `ဘုရား သခင်သည်အခါခပ်သိမ်းကောင်းကျိုးဆိုး ကျိုး၊ အဘယ်အကျိုးကိုမျှမပေးတတ်' ဟုထင်မှတ်ရေရွတ်သူများ၊ မိမိတို့ကိုယ် ကိုအထင်ကြီး၍ကျေနပ်ရောင့်ရဲနေသူ များအားငါအပြစ်ဒဏ်ခတ်မည်။
13. သူတစ်ပါးတို့သည်ထိုသူတို့၏စည်းစိမ် ဥစ္စာများကိုလုယူကာသူတို့၏အိမ်များ ကိုဖျက်ဆီးလိုက်ကြလိမ့်မည်။ သူတို့သည် မိမိတို့ဆောက်လုပ်လျက်ရှိသည့်အိမ်များ တွင်အဘယ်အခါ၌မျှနေထိုင်ရကြ လိမ့်မည်မဟုတ်။ မိမိတို့စိုက်ပျိုးလျက်ရှိ သည့်စပျစ်ဥယျာဉ်များမှစပျစ်ရည်ကို လည်းသောက်ရကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
14. ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ကြီးသည်နီးကပ်၍အလွန်နီးကပ်၍ လာလေပြီ။ ထိုနေ့ရက်ကာလသည်လျင် မြန်စွာသက်ရောက်လာတော့အံ့။ ထိုနေ့ရက် သည်ခါးသီးလွန်းသောကြောင့်ရဲစွမ်းသတ္တိ အရှိဆုံးစစ်သူရဲပင်လျှင်စိတ်ပျက်စွာ အော်ဟစ်လိမ့်မည်။