4. ငါ့အားထာဝရဘုရားပေးတော်မူသော ဗျာဒိတ်တော်ကားဤသို့တည်း။-
5. ကိုယ်တော်က``ပြည်သူများနှင့်ယဇ်ပုရော ဟိတ်တို့သည်နှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး၊ ပဉ္စမလနှင့်သတ္တမလတို့တွင်အစာရှောင် ၍ဝမ်းနည်းကြေကွဲသည့်အမှတ်လက္ခဏာ ကိုပြခဲ့ကြသည်မှာငါ့အားဂုဏ်ပြုချီး ကူးရန်မဟုတ်။-
6. စားပွဲသောက်ပွဲကျင်းပကြသည်မှာလည်း မိမိတို့အာသာချင်ရဲပြေစေရန်သာလျှင် ဖြစ်ပေသည်'' ဟုမိန့်တော်မူ၏။
7. ဤကားယေရုရှလင်မြို့ကောင်းစားစည်ပင် လျက်နေချိန်၌ ရှေးပရောဖက်များအားဖြင့် ထာဝရဘုရားပေးတော်မူသောဗျာဒိတ် တော်ဖြစ်၏။ ထိုအခါမြို့ပတ်ဝန်းကျင်ကျေး ရွာများတွင်သာလျှင်လူအမြောက်အမြား နေထိုင်ကြသည်မဟုတ်။ တောင်ဘက်ဒေသ နှင့်အနောက်ဘက်ရှိတောင်ခြေဒေသများ တွင်လည်းနေထိုင်ကြလေသည်။
8. ထာဝရဘုရားသည်ဇာခရိအား ဤသို့ ဗျာဒိတ်ပေးတော်မူ၏။-
9. အနန္တတန်ခိုးရှင်ထာဝရဘုရားက``ရှေး အခါ၌ငါသည်မိမိ၏လူမျိုးတော်အား`သင် တို့သည်တရားမျှတစွာပြုကျင့်ကြလျက်၊ တစ်ဦးအပေါ်တစ်ဦးသနားကရုဏာ ထားရကြမည်။-