2. ကိုယ်တော်က``ငါသည်ယေရုရှလင်မြို့ကို စပျစ်ရည်ခွက်ဖလားနှင့်တူစေမည်။ မြို့ ပတ်ဝန်းကျင်ရှိလူမျိုးတကာတို့သည် ထိုစပျစ်ရည်ကိုသောက်၍ သေသောက်ကြူး များကဲ့သို့ယိမ်းယိုင်လျက်နေကြလိမ့်မည်။ သူတို့သည်ယေရုရှလင်မြို့ကိုဝိုင်းရံ တိုက်ခိုက်ကြသောအခါ အခြားယုဒမြို့ တို့သည်လည်းအဝိုင်းခံရကြလိမ့်မည်။-
3. သို့ရာတွင်ထိုအချိန်အခါ၌ငါသည် ယေရုရှလင်မြို့ကို လေးလံသောကျောက်တုံး ကြီးသဖွယ်ဖြစ်စေမည်။ ထိုကျောက်ကိုကြိုး စား၍ချီမသည့်လူမျိုးသည်အနာတရ ဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်း တို့သည်ထိုမြို့ကိုဝိုင်းဝန်းတိုက်ခိုက်ကြ လိမ့်မည်။-
4. ထိုအခါငါသည်သူတို့၏မြင်းများကို ခြောက်လှန့်ကာမြင်းစီးသူရဲအပေါင်းကို ရူးသွတ်သွားစေမည်'' ``ယုဒပြည်သား တို့ကိုငါကြည့်ရှုမည်။ ရန်သူတို့၏မြင်း များကိုမူကားမျက်စိကန်းစေမည်။-
5. ထိုအခါအနန္တတန်ခိုးရှင်ထာဝရဘုရား သည်ယေရုရှလင်မြို့တွင်နေထိုင်သူ မိမိ၏ လူမျိုးတော်အားခွန်အားကိုပေးတော်မူ ပါ၏ဟုယုဒနွယ်သားစုများသည်မိမိ တို့အချင်းချင်းပြောဆိုကြလိမ့်မည်။''
6. ``ထိုအခါငါသည်ယုဒနွယ်သားစုများ ကိုတောမီးကဲ့သို့လည်းကောင်း၊ စပါးမှည့် လျက်နေသည့်လယ်ကွက်တွင်လောင်သောမီး ကဲ့သို့သော်လည်းကောင်းဖြစ်စေမည်။ သူတို့ သည်မိမိတို့အနီးအနားရှိလူမျိုးအပေါင်း တို့ကိုသုတ်သင်ဖျက်ဆီးကြလိမ့်မည်။ ယေရု ရှလင်မြို့သူမြို့သားတို့မူကား မိမိတို့မြို့ တွင်း၌ဘေးမဲ့လုံခြုံစွာနေကြလိမ့်မည်။