7. အချင်းပင်လယ်နှင့်ပင်လယ်ရှိသတ္တဝါအပေါင်း တို့၊ အသံကျယ်စွာကြွေးကြော်ကြလော့။အချင်းကုန်းမြေနှင့်ကုန်းမြေပေါ်တွင် အသက်ရှင်သူအပေါင်းတို့သီချင်းဆိုကြ လော့။
8-9. အချင်းမြစ်တို့၊လက်ခုပ်တီးကြလော့။အချင်းတောင်များတို့၊ထာဝရဘုရားသည်ကမ္ဘာလောကကိုအုပ်စိုးရန်ကြွလာတော်မူ ပြီဖြစ်၍တစ်ပြိုင်နက်ရှေ့တော်တွင်ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။ကိုယ်တော်သည်ကမ္ဘာပေါ်ရှိလူအပေါင်းတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။