ဆာ​လံ 95:4-9 Common Language Bible (BCL)

4. ကိုယ်​တော်​သည်​အ​နက်​ဆုံး​သော​မြေ​ကြီး နက်​ရှိုင်း​ရာ​များ​မှအ​မြင့်​ဆုံး​သော​တောင်​ထိပ်​များ​တိုင်​အောင် ကမ္ဘာ​လော​က​တစ်​ခု​လုံး​ကို​အ​စိုး​ရ​တော်​မူ​၏။

5. ကိုယ်​တော်​သည်​မိ​မိ​ဖန်​ဆင်း​တော်​မူ​သော ပင်​လယ်​ကို​လည်း​ကောင်း၊မိ​မိ​လက်​တော်​ဖြင့်​ပြု​ပြင်​တော်​မူ​သည့်​ကုန်း​မြေ ကို​လည်း​ကောင်း​အ​စိုး​ရ​တော်​မူ​၏။

6. လာ​ကြ၊ကိုယ်​တော်​အား​ဦး​ညွှတ်​ပျပ်​ဝပ်​၍ ရှိ​ခိုး​ကြ​ကုန်​အံ့။ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​၏ ရှေ့​တော်​တွင်​ဒူး​ထောက်​ကြ​ကုန်​အံ့။

7. ကိုယ်​တော်​သည်​ငါ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော်စောင့်​ရှောက်​တော်​မူ​သော​သူ​များ၊ကိုယ်​တော် ကျွေး​မွေး​တော်​မူ​သော​သိုး​စု​ဖြစ်​ကြ​၏။ကိုယ်​တော်​မိန့်​တော်​မူ​သော​စ​ကား​ကို ယ​နေ့​နား​ထောင်​ကြ​လော့။

8. ကိုယ်​တော်​က​မော​ရိ​ဘ​အ​ရပ်​တွင်​ရောက်​ရှိ နေ​သောသင်​တို့​ဘိုး​ဘေး​များ​ကဲ့​သို့​သင်​တို့​သည် ခေါင်း​မ​မာ​ကြ​နှင့်။တော​ကန္တာ​ရ​ရှိ​မဿာ​အ​ရပ်​တွင်​ရောက်​ရှိ​နေ​သော ဘိုး​ဘေး​များ​ကဲ့​သို့​ခေါင်း​မ​မာ​ကြ​နှင့်။

9. ထို​သူ​တို့​သည်​မိ​မိ​တို့​၏​အ​တွက်​ငါ​ပြု​သည့်အ​မှု​ကို​တွေ့​မြင်​ကြ​ပြီး​ဖြစ်​သော်​လည်း ထို​အ​ရပ်​တွင်​ငါ့​ကို​သွေး​စမ်း​ကြ​၏။

ဆာ​လံ 95