4. ကိုယ်တော်ရှင်အားအစဉ်မပြတ်ထောမနာ ပြုလျက်ဗိမာန်တော်တွင်နေကြသူတို့သည်အလွန်ပင် မင်္ဂလာရှိပါသည်တကား။
5. ကိုယ်တော်ရှင်၏ထံတော်မှခွန်အားစွမ်းရည်ကို ခံယူရရှိသောသူတို့သည်မင်္ဂလာရှိကြပါ၏။သူတို့သည်ဇိအုန်တောင်တော်သို့ခရီးပြုရန် စိတ်ထက်သန်ကြပါ၏။
6. ထိုသူတို့သည်ခြောက်သွေ့နေသည့်ဗာကာ ချိုင့်ဝှမ်းကို ဖြတ်သန်းသွားစဉ်ရေများပေါက်၍လာပါ၏။မိုးဦးရွာသဖြင့်အိုင်များထွန်း၍လာပါ၏။
7. ထိုသူတို့သည်ခရီးပြုရင်းခွန်အားတိုး၍ လာကြပါ၏။ဇိအုန်တောင်တော်ပေါ်တွင်ဘုရားတကာ တို့၏ ဘုရားကိုဖူးမြင်ရကြပါလိမ့်မည်။