ဆာ​လံ 80:4-7 Common Language Bible (BCL)

4. အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံးမိ​မိ​၏​လူ​စု​တော်​ပြု​သည့်​ဆု​တောင်း​ပတ္ထနာ များ​ကို အ​မျက်​ထွက်​၍​နေ​တော်​မူ​ပါ​မည်​နည်း။

5. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ဝမ်း​နည်း​မှု တည်း​ဟူ​သော​အ​စား​အ​စာ​ကို​ကျွေး​၍မျက်​ရည်​တည်း​ဟူ​သော​ရေ​ကို​ကြီး​မား​သည့် ခွက်​ဖ​လား​ဖြင့်​တိုက်​တော်​မူ​ပါ​ပြီ။

6. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏​တိုင်း​ပြည်​ကိုအိမ်​နီး​ချင်း​နိုင်​ငံ​တို့​၏​စစ်​မြေ​ပြင် ဖြစ်​စေ​တော်​မူ​ပါ​၏။ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​တို့​အား စော်​ကား​ကြ​ပါ​၏။

7. အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​တို့​အား ပြန်​လာ​စေ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​တို့​အား​က​ရု​ဏာ​တော်​ကို​ပြ​တော် မူ​ပါ။သို့​ပြု​တော်​မူ​လျှင်​ကျွန်​တော်​မျိုး​တို့​သည် ကယ်​တင်​ခြင်း ခံ​ရ​ကြ​ပါ​မည်။

ဆာ​လံ 80