ဆာ​လံ 72:9-14 Common Language Bible (BCL)

9. သဲ​ကန္တာ​ရ​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သည် မင်း​ကြီး​၏ ရှေ့​တော်​၌​ဦး​ညွှတ်​ကြ​ပါ​လိမ့်​မည်။မင်း​ကြီး​၏​ရန်​သူ​များ​သည်​ခြေ​တော်​ရင်း​တွင် ပျပ်​ဝပ်​ကြ​ပါ​လိမ့်​မည်။

10. စ​ပိန်​ပြည်​နှင့်​ကျွန်း​များ​မှ​ရှင်​ဘု​ရင်​တို့​သည် အ​ခွန်​ဆက်​သ​ကြ​ပါ​လိမ့်​မည်။အာ​ရေ​ဗျ​ပြည်​နှင့်​အဲ​သ​ရော​ပိ​ပြည်​မှရှင်​ဘု​ရင်​များ​သည်​လက်​ဆောင်​ပဏ္ဏာ​များ​ကို ယူ​ဆောင်​လာ​ကြ​ပါ​လိမ့်​မည်။

11. ဘု​ရင်​အ​ပေါင်း​တို့​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် ပျပ်​ဝပ်​ကြ​ပါ​လိမ့်​မည်။လူ​မျိုး​တ​ကာ​တို့​သည်​လည်း​မင်း​ကြီး​၏ အ​စေ​ကို ခံ​ကြ​ပါ​လိမ့်​မည်။

12. မင်း​ကြီး​သည်​မိ​မိ​အား​ဟစ်​ခေါ်​ကြ​သည့် ဆင်း​ရဲ​သူ​တို့​အား​လည်း​ကောင်း၊ချို့​တဲ့​နွမ်း​ပါး​၍​ခို​ကိုး​ရာ​မဲ့​သူ​တို့ အား​လည်း​ကောင်း​ကယ်​ဆယ်​တော်​မူ​၏။

13. ချို့​တဲ့​ဆင်း​ရဲ​သူ​တို့​ကို​သ​နား​တော်​မူ​၍ သူ​တို့​၏ အ​သက်​ကို​ကယ်​တော်​မူ​၏။

14. သူ​တို့​၏​အ​သက်​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် အ​ဖိုး​ထိုက်​သည်​အ​လျောက်​ဖိ​စီး​နှိပ်​စက်​မှု​နှင့်အ​ကြမ်း​ဖက်​မှု​များ​မှ​သူ​တို့​ကို​ကယ်​ဆယ် တော်​မူ​၏။

ဆာ​လံ 72