24. အို ဘုရားသခင်၊ ကိုယ်တော်ရှင်အောင်စစ်ချီတော်မူခြင်း၊ကျွန်တော်မျိုး၏အရှင်ဘုရားသခင်သည်သန့်ရှင်းရာဌာနတော်သို့ကြွဝင်တော်မူခြင်းကို လူပေါင်းတို့တွေ့မြင်ကြပါ၏။
25. သီချင်းသီဆိုသူများသည်ရှေ့မှလိုက်၍ တူရိယာတီးမှုတ်သူများကနောက်မှလိုက် ကြပါ၏။ပတ်သာတီးမှုတ်သူအမျိုးသမီးငယ်များကမူ အလယ်မှလိုက်ပါကြပါ၏။
26. ကိုယ်တော်၏လူစုတော်အစည်းအဝေးတွင် ဘုရားသခင်အားထောမနာပြုလော့။ယာကုပ်၏သားမြေးအပေါင်းတို့၊ထာဝရ ဘုရားအားထောမနာပြုကြလော့။
27. ချီတက်လာသောထိုလူစုထဲတွင်ဦးစွာ အငယ်ဆုံးဖြစ်သောဗင်္ယာမိန်အနွယ်ဝင်များ၊ထိုနောက်ယုဒခေါင်းဆောင်များနှင့်အနွယ် ဝင်များ၊သူတို့နောက်မှဇာဗုလုန်နှင့်နဿလိ ခေါင်းဆောင်များနှင့်အနွယ်ဝင်များလိုက်ပါ ကြ၏။
28-29. အို ဘုရားသခင်၊ရှင်ဘုရင်များကိုယ်တော်ထံလက်ဆောင်များဆက်သရာယေရုရှင်လင်မြို့ရှိဗိမာန်တော်မှကျွန်တော်မျိုးတို့အတွက်အသုံးပြုတော်မူ ခဲ့သော တန်ခိုးတော်ကိုပြတော်မူပါ။