ဆာ​လံ 65:7-13 Common Language Bible (BCL)

7. ကိုယ်​တော်​ရှင်​သည်​ပင်​လယ်​ရေ​မြည်​ဟည်း​သံ​နှင့် လှိုင်း​လုံး​သံ​တို့​ကို​ငြိမ်​သက်​စေ​တော်​မူ​ပါ​၏။လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​သံ​များ​ကို​လည်း ငြိမ်​သက်​စေ​တော်​မူ​ပါ​၏။

8. ကိုယ်​တော်​ရှင်​ပြ​တော်​မူ​သောနိ​မိတ်​လက္ခ​ဏာ​များ​ကြောင့်​ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​ရှိ လူ​တို့​သည်​ကြောက်​လန့်​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သည့်​အ​မှု​အ​ရာ​များ​ကြောင့် ကမ္ဘာ​မြေ​ကြီး​တစ်​စွန်း​မှ​တစ်​စွန်း​သို့​တိုင်​အောင်ရွှင်​လန်း​ဝမ်း​မြောက်​သည့်​ကြွေး​ကြော်​သံ​များ ထွက်​ပေါ်​လာ​ပါ​၏။

9. ကိုယ်​တော်​ရှင်​သည်​မိုး​ရေ​ကို ချ​ပေး​တော်​မူ​ခြင်း​အား​ဖြင့်​ကမ္ဘာ​မြေ​ကြီး​ကိုကြည့်​ရှု​စောင့်​ရှောက်​လျက်​နေ​တော်​မူ​ကြောင်း​ကို ဖော်​ပြ​တော်​မူ​ပါ​၏။ကမ္ဘာ​မြေ​ကြီး​ကို​မြေ​သြ​ဇာ​ထက်​သန်​စေ​တော် မူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​မြစ်​ချောင်း​တို့​ကို​ရေ​နှင့် ပြည့်​စေ​တော်​မူ​ပါ​၏။ကမ္ဘာ​မြေ​ကြီး​တွင်​ကောက်​ပဲ​သီး​နှံ​များ​ကို ဖြစ်​ပွား​စေ​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​စီ​ရင်​တော်​မူ​ပုံ​မှာ​ဤ​သို့​တည်း။

10. ကိုယ်​တော်​ရှင်​သည်​မိုး​ကို​ရွာ​စေ​တော်​မူ​လျက်ထွန်​ယက်​ထား​သည့်​လယ်​ယာ​များ​ကို​စို​စွတ် စေ​တော်​မူ​ပါ​၏။ထို​နောက်​မိုး​ရေ​ဖြင့်​မြေ​ဆီ​လွှာ​ကိုပျော့​စေ​တော်​မူ​ပြီး​လျှင်​ပျိုး​ပင်​ငယ်​များ​ကို ပေါက်​စေ​တော်​မူ​ပါ​၏။

11. ကိုယ်​တော်​ရှင်​ကောင်း​မြတ်​တော်​မူ​ခြင်း​ကြောင့်ရိတ်​သိမ်း​ရ​သည့်​အ​သီး​အ​နှံ​များ​ကား များ​ပြား​လှ​ပါ​သည်​တ​ကား။ကိုယ်​တော်​ရှင်​ကြွ​ရောက်​တော်​မူ​ရာ​အ​ရပ် တိုင်း​၌ ပေါ​များ​ကြွယ်​ဝ​မှု​ရှိ​ပါ​သည်​တ​ကား။

12. စား​ကျက်​တို့​တွင်​သိုး​အုပ် ဆိတ်​အုပ်​များ​ရှိ​ပါ​၏။တောင်​ကုန်း​တို့​သည်​သာ​ယာ​ရွှင်​လန်း​လျက်​ရှိ​ပါ​၏။

13. ကွင်း​ပြင်​တို့​သည်​သိုး​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​ပါ​၏။ချိုင့်​ဝှမ်း​တို့​သည်​ဂျုံ​ပင်​များ​နှင့်​ဖုံး​လွှမ်း​လျက်​ရှိ​ပါ​၏။အ​ရာ​ခပ်​သိမ်း​တို့​သည်​ရွှင်​လန်း​စွာ​အော်​ဟစ်​၍ သီ​ချင်း​ဆို​လျက်​ရှိ​ကြ​ပါ​၏။

ဆာ​လံ 65